ရှမ်းပြည်နယ်တွင်း COVID 19 ကာကွယ်ရေးညွှန်ကြားချက်များ လိုက်နာမှုလျော့ရဲနေ၍ လိုအပ်ပါက ဥပဒေဖြင့် အရေးယူရန် ညွှန်ကြား

ရှမ်းပြည်နယ်တွင်း COVID 19 ကာကွယ်ရေးညွှန်ကြားချက်များ လိုက်နာမှုလျော့ရဲနေ၍ လိုအပ်ပါက ဥပဒေဖြင့် အရေးယူရန် ညွှန်ကြား
စက်တင်ဘာ 25, 2020
By Tachileik News Agency
ရှမ်းပြည်နယ်တွင်း COVID 19 ကာကွယ်ရေးညွှန်ကြားချက်များ လိုက်နာမှုလျော့ရဲနေ၍ လိုအပ်ပါက ဥပဒေဖြင့် အရေးယူရန် ညွှန်ကြား
ရှမ်းပြည်နယ်အတွင်း COVID 19 ကာကွယ်ရေးညွှန်ကြားချက်များအား လိုက်နာမှုလျော့ရဲနေသဖြင့် ကြီးကြပ်ဆောင်ရွက်သည့် အဆင့်ဆင့်အနေဖြင့် ထိထိရောက်ရောက် ကြပ်မတ်ရန်နှင့် လိုအပ်ပါက အရေးယူမှုဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း သိရသည်။
"ဒီနေ့မနက်ပဲ ကျွန်တော်တို့ ကိုဗစ်ကော်မတီရဲ့ အကျဉ်းချုံးအစည်းအဝေးတစ်ခု လုပ်လိုက်တယ်။ အဓိကကတော့ အထက်က လုပ်တဲ့သူတွေကတော့ လုပ်နေတယ်။ အောက်က မလိုက်နာတဲ့သူတွေကလည်း မလိုက်နာဘူး။ မလိုက်နာတဲ့အခါကျတော့ နည်းနည်းလေး တင်းတင်းကြပ်ကြပ်လေး လုပ်နိုင်အောင် ပြည်နယ်ကော်မတီကနေ ညွှန်ကြားချက်ထုတ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်တော်တို့ ပြည်သူတွေ သိရှိစေဖို့ ညွှန်ကြားချက်တွေကို ထုတ်ပြီးသားရှိတယ်ပေါ့။ ဒါတွေကို တိတိကျကျလိုက်နာဖို့ ထပ်ပြီးတော့ နှိုးဆော်တာအပြင် မလိုက်နာဘူးဆိုရင် တည်ဆဲဥပဒေနဲ့ ထိထိရောက်ရောက် အရေးယူဖို့ ထပ်ပြီးညွှန်ကြားမယ်"ဟု ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ပြည်နယ်အစိုးရအဖွဲ့က ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၅)ရက်နေ့၌ အစည်းအဝေးဆုံးဖြတ်လိုက်ကြောင်း သိရသည်။
ရှမ်းပြည်နယ်တွင်း COVID 19 ကာကွယ်ရေးအတွက် အစားအသောက်ရောင်းချသည့်ဆိုင်အားလုံး ဆိုင်ထိုင်ရောင်းချသည့်စနစ် အစား ပါဆယ်စနစ်ကို ပြောင်းလဲကျင့်သုံးရန်၊ ရောဂါဖြစ်ပွားမှုများသည့်ဒေသမှ လာသူများအား quarantine ထားရန်၊ မြို့အဝင်တွင် စစ်ဆေးဂိတ်များဖြင့် စစ်ဆေးရန်၊ ဈေးများ၊ ဖွင့်လှစ်ခွင့်ပြုထားသည့် ဆိုင်များ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများတွင် COVID 19 ကာကွယ်ရေး သတ်မှတ်ချက်များကို အတိအကျလိုက်နာဆောင်ရွက်ရန်၊ အများပြည်သူအနေဖြင့် အပြင်ထွက် သွားလာပါက Mask တပ်ဆင်ရန်၊ လူစုလူဝေးရှောင်ရန်တို့ကို ညွှန်ကြားထားခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~