မိုးကုတ်မြို့တွင် မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုကြောင့် မြေပြိုကာ လူ(၄)ဦးသေဆုံး

မိုးကုတ်မြို့တွင် မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုကြောင့် မြေပြိုကာ လူ(၄)ဦးသေဆုံး
စက်တင်ဘာ 16, 2020
By Tachileik News Agency
မိုးကုတ်မြို့တွင် မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုကြောင့် မြေပြိုကာ လူ(၄)ဦးသေဆုံး
မိုးကုတ်မြို့တွင် စက်တင်ဘာလ (၁၆)ရက်နေ့ အစောပိုင်းက က မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုကြောင့် မြေပြိုမှုဖြစ်ပွားကာ လူ (၄) ဦး သေဆုံးခဲ့သည့်အတွက် ပူးပေါင်းအဖွဲ့ဖြင့်  ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်နေရကြောင်းသိရသည်။
"ရေကြီးမြေပြိုမှုကြောင့် အမျိုးသမီးကြီးတစ်ဦးနဲ့ နောက် တစ်နေရာက မိသားစု (၃)ဦး သေသွားတယ်။ မနက် (၆)နာရီကနေ အခု (၁၂)နာရီခွဲ အထိ ရှာဖွေကယ်ဆယ်ရေး လုပ်နေရတုန်းပဲ။ ဒီတစ်ခါ ရေကြီးတာ မြေပြိုတာက နေရာ အတော်များများ ဖြစ်သွားတယ်"ဟု မိုးကုတ်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ ကိုကျော်မင်းလှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
သေဆုံးသူများမှ အသက်(၄)နှစ်အရွယ် မိန်းကလေးတစ်ဦး၊ အသက် (၃၀)အရွယ် အမျိုးသားတစ်ဦး၊ အသက်(၃၂)နှစ်အရွယ် အမျိုးသမီး(၁)ဦး၊ နှင့် အသက်(၆၀)အရွယ် အမျိုးသမီးကြီး(၁)ဦးတို့ ဖြစ်ကြောင်း သိရသည်။
မိုးကုတ်မြို့အတွင်းရှိ အုန်းကိုင်း၊ ချမ်းမြေ့သာယာ၊ ရွှေတိုင် စသည့် ကျေးရွာနှင့်ရပ်ကွက်များ အပါအဝင် နေရာ (၂၇)နေရာ၌ ရေကြီး၊ ရေမြုပ်၊ ရေလျှံခြင်းနှင့် တောင်ကမ်းပါးယံမြေပြိုမှု၊ လမ်းမြေပြိုမူ့များဖြစ်ပွားခဲ့ခြင်းကြောင့် လူ(၄)ဦးသေဆုံးခဲ့ရခြင်း ဖြစ်သည်။
မိုးကုတ်မြို့နယ် ဘော်ဗဒါန်းချောင်းဆုံ ကိုးလံကျေးရွာသွားရာလမ်းတွင်လည်း သစ်ပင်များလဲပြိုနေ၍ မီးသတ်တပ်ဖွဲ့က ရှင်းလင်းဖယ်ရှားခဲ့ရကြောင်း သိရသည်။
ယခုလို ဖြစ်ပွားရာနေရာများတွင် သက်ဆိုင်ရာမှ တာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများ ပူးပေါင်းကာ ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်နေလျက်ရှိကြောင်း သိရှိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓါတ်ပုံ - ကိုကျော်မင်းလှိုင် 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~