တာချီလိတ်နှင့် မယ်ဆိုင်အကြား နယ်စပ်ဖြတ်ကျော်ခိုးဝင်နေမှုများနှင့် နှစ်နိုင်ငံမှ ပွဲစားများ ဘတ်ငွေသောင်းဂဏန်းအထိ ရယူကာ ပို့ဆောင်နေမှုများကို တားဆီးရေး နှစ်နိုင်ငံ မြို့နယ်အဆင့် ဆွေးနွေး

တာချီလိတ်နှင့် မယ်ဆိုင်အကြား နယ်စပ်ဖြတ်ကျော်ခိုးဝင်နေမှုများနှင့် နှစ်နိုင်ငံမှ ပွဲစားများ ဘတ်ငွေသောင်းဂဏန်းအထိ ရယူကာ ပို့ဆောင်နေမှုများကို တားဆီးရေး နှစ်နိုင်ငံ မြို့နယ်အဆင့် ဆွေးနွေး
စက်တင်ဘာ 14, 2020
By Tachileik News Agency
တာချီလိတ်နှင့် မယ်ဆိုင်အကြား နယ်စပ်ဖြတ်ကျော်ခိုးဝင်နေမှုများနှင့် နှစ်နိုင်ငံမှ ပွဲစားများ ဘတ်ငွေသောင်းဂဏန်းအထိ ရယူကာ ပို့ဆောင်နေမှုများကို တားဆီးရေး နှစ်နိုင်ငံ မြို့နယ်အဆင့် ဆွေးနွေး
မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်ကြား နှစ်နိုင်ငံသားများ နယ်စပ်ဖြတ်ကျော် ခိုးဝင်နေမှုများ တားဆီးရေးနှင့် နှစ်နိုင်ငံမှ ပွဲစားများအား အရေးယူနိုင်ရေးအတွက် တာချီလိတ်နှင့် မယ်ဆိုင် မြို့နယ်အဆင့်တာဝန်ရှိသူများ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်နေ့က မယ်ဆိုင်မြို့၌ တွေ့ဆုံဆွေးနွေးကြသည်။
“သူတို့ဘက်က ဆွေးနွေးတာက အခု မယ်ဆိုင်ချောင်းကနေ ခိုးကူးနေတာတွေရှိတယ်ပေါ့။ အဓိက ဝင်တာက လွယ်တော်ခမ်း ဖက်ဟိကနေ ခိုးဝင်ရှိနေတယ်လို့ ဆွေးနွေးတယ်။ အဲဒီလို ခိုးကူးကြဖို့လုပ်ပေးနေတဲ့ ပွဲစားတွေ မြန်မာဘက်ရှိသလို ထိုင်းဘက်လည်း ရှိနေတယ်။ ဒါကြောင့် ဖက်ဟိဘက်က ပြည်သူ့စစ်ရော၊ တပ်မတော်ကိုရော အကူအညီတောင်းထားပါတယ်။ အဓိက ဝင်တာက ခုတ်ဝဘက်ကပေါ့။ မိုင်းဖုန်းဘက်ပေါ့။ အဲဒီဘက်မှာတော့ ထိုင်းဘက်က တာဝန်ရှိရဲတွေ ပါဝင်နေတယ်။ တစ်ယောက်ကို ဘတ် (၂) သောင်းယူပြီး ထိုင်းရဲတွေကိုယ်တိုင် လိုက်ပို့ပေးတယ်ပေါ့နော်။ ကျွန်တော်တို့ သတင်းရပါတယ်ဆိုတာ ဆွေးနွေးခဲ့တယ်။ ထိုင်းဘက်က တပ်နဲ့ရဲကိုယ်တိုင်လည်း ပါဝင်တယ်ဆိုတာ ဆွေးနွေးခဲ့တယ်။ ဆွေးနွေးပွဲရလဒ်ကတော့ အဲဒီကိစ္စတွေကို တားဆီးဖို့ ကျွန်တော်တို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မယ်”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောသည်။
နှစ်နိုင်ငံနယ်စပ်ကို ပိတ်လိုက်သဖြင့် ထိုင်းနိုင်ငံတွင်းမှ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား တာချီလိတ်ဘက်သို့ စိစစ်လက်ခံပေးပြီး Quarantine ထားရှိကာ ဓာတ်ခွဲစစ်ဆေးပေးနေသော်လည်း နယ်စပ်မှ ပွဲစားများအကူအညီဖြင့် ခိုးဝင်နေသူများ ရှိနေခြင်းဖြစ်သည်။
တာချီလိတ်နှင့် မယ်ဆိုင်ကြား နယ်စပ်ကိုဖြတ်၍ ခိုးဝင်နေသူများကို ယခင်က နှစ်နိုင်ငံ တာဝန်ရှိသူများက ရံဖန်ရံခါသာ ဖမ်းမိသော်လည်း မြန်မာဘက်တွင် COVID 19 ပြည်တွင်းကူးစက်မှုဖြစ်လာပြီးနောက်ပိုင်း မယ်ဆိုင်ဘက်တွင် ခိုးဝင်မြန်မာများအား ဖမ်းဆီးမှုအရေအတွက် တိုးလာခြင်းဖြစ်သည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~