မိုင်းဆတ်မြို့တွင် Mask မတပ်လာသူများကို (၁၀)ခု ဝယ်စေပြီး mask (၅)ခု ပြန်လှူစေသည့် စနစ်ဖြင့် အသိပညာပေးနေ

မိုင်းဆတ်မြို့တွင် Mask မတပ်လာသူများကို (၁၀)ခု ဝယ်စေပြီး mask (၅)ခု ပြန်လှူစေသည့် စနစ်ဖြင့် အသိပညာပေးနေ
စက်တင်ဘာ 15, 2020
By Tachileik News Agency

မိုင်းဆတ်မြို့တွင် Mask မတပ်လာသူများကို (၁၀)ခု ဝယ်စေပြီး mask (၅)ခု ပြန်လှူစေသည့် စနစ်ဖြင့် အသိပညာပေးနေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့တွင်  နှာခေါင်းစည်(MASK)တပ်ဆင် သွားလာခြင်း မရှိသူများအား ဒဏ်ပေးသည့် အနေဖြင့် Mask (၁၀)ခု ဝယ်စေပြီး (၅)ခု ပြန်လှူစေသည့် ဒဏ်ပေးစနစ်ဖြင့် အသိပညာပေးမှုကို ပူးပေါင်းအဖွဲ့ဖြင့် လုပ်ဆောင်နေကြောင်း သိရသည်။
Covid-19 ကာကွယ်ထိန်းချုပ်ရေးအတွက် မိုင်းဆတ်မြို့မဈေးရှေ့ နှင့် မိုင်းတုံလမ်းဆုံတို့တွင် နေစဉ်ဆောင်ရွက်နေလျက်ရှိကြောင်း သိရပြီး စက်တင်ဘာလ(၁၅)ရက်နေ့ နံနက်ပိုင်းကလည်း Mask မတပ်သူများကို ဆက်လက်စစ်ဆေးရာက Mask မတပ်လာသူ (၆)ဦးကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

အဆိုပါ (၆)ဦးအား လူစုလူဝေး ရှောင်ကျဉ်ကြရန်၊ လက်ကိုစနစ်တကျဆေးရန်၊ Social Distancing ကို တိကျစွာ လိုက်နာကြရန်၊ မဖြစ်မနေ အပြင်ထွက်သွားလာရပါက Mask စနစ်တကျ တပ်ဆင်သွားလာရန် စသည့် အသိပညာများပေးပြီး  ဒဏ်ပေးသည့် အနေဖြင့် Mask (၁၀)ခုဝယ်ယူစေပြီး (၅)ခုအား မြို့နယ်COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ လှူဒါန်းစေ၍ ကျန်(၅)ခုအနက် တစ်ခုကိုတစ်ပါတည်း တပ်ဆင်စေပြီးမှသာလိုရာ ခရီးသို့ ဆက်သွားခွင့်ပြုခဲ့ကြောင်း သိရသည်။

 
 
Tachileik News Agency
သတင်း - သန်းဇော်(မိုင်းဆတ်)
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~