ကျောက်မဲမြို့တွင် ဇနီးဖြစ်သူအား ကိုယ်တိုင်မီးရှို့စေရန် ဓားဖြင့်ခြိမ်းခြောက် ခိုင်းစေသူကို ဖမ်းဆီးအရေးယူ

ကျောက်မဲမြို့တွင် ဇနီးဖြစ်သူအား ကိုယ်တိုင်မီးရှို့စေရန် ဓားဖြင့်ခြိမ်းခြောက် ခိုင်းစေသူကို ဖမ်းဆီးအရေးယူ
စက်တင်ဘာ 17, 2020
By Tachileik News Agency
ကျောက်မဲမြို့တွင် ဇနီးဖြစ်သူအား ကိုယ်တိုင်မီးရှို့စေရန် ဓားဖြင့်ခြိမ်းခြောက် ခိုင်းစေသူကို ဖမ်းဆီးအရေးယူ
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် ဇနီးဖြစ်သူအား ကိုယ်တိုင် မီးရှို့စေရန် ဓားဖြင့်ခြိမ်းခြောက်စေခိုင်းသည့် အမျိုးသားတစ်ဦးကို အရေးယူပေးရန် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၇)ရက်နေ့၌ ကျောက်မဲမြို့မရဲစခန်းတွင် လာရောက်တိုင်တန်း အမှုဖွင့်ထားကြောင်းသိရသည်။
ကျောက်မဲမြို့၊ ရပ်ကွက် (၁)၊ နယ်မြေ (၁)ရှိ နေအိမ်တွင် စက်တင်ဘာလ (၁၆)ရက်နေ့ နေ့လယ်ပိုင်းက မနွယ်လေးဝေ (ခ) မသေးနှင့် ခင်ပွန်းဖြစ်သူ တင်ဝင်းမောင် (ခ) ဒူးရှည်တို့ စကားများရန်ဖြစ်ကြပြီးနောက် မနွယ်လေးဝေက သေချင်သည်ဟု ပြောဆိုသည်ကို ခင်ပွန်းဖြစ်သူက မနွယ်လေးဝေ၏ ခန္ဓာကိုယ်အား ဓာတ်ဆီဖြင့် လောင်းချပြီး မီးခြစ်ပေးကာ ကိုယ်တိုင်မီးရှို့ရန် ဓားဖြင့်ခြိမ်းခြောက်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
မီးမရှို့ပါက ခြေလက်များဖြတ်မည်ဟု ဓားဖြင့်ရွယ်ထားပြီး ခြိမ်းခြောက်သဖြင့် မီးခြစ်လိုက်စဉ် ခန္ဓာကိုယ်၌ မီးစွဲလောင်သွားခြင်းဖြစ်ကြောင်း သိရသည်။
မနွယ်လေးဝေ၏ နေအိမ်ဘက်မှ စကားများရန်ဖြစ်သံများကြားရကာ မနွယ်လေးဝေ၏ ခန္ဓာကိုယ်တွင် မီးလောင်ဒဏ်ရာများရနေသဖြင့် ၎င်း၏မိသားစုက မေးမြန်းရာမှ ခြိမ်းခြောက်ခံရ၍ ကိုယ်တိုင်မီးရှို့ကြောင်း သိရှိသွားကာ ရဲတပ်ဖွဲ့ထံ သတင်းပေးပို့တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇနီးဖြစ်သူအား ခြိမ်းခြောက်ပြီး မီးရှို့စေသည့် တင်ဝင်းမောင် (ခ) ဒူးရှည်အား ကျောက်မဲမြို့မရဲစခန်းတွင် (ပ) ၈၈/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆/ ၅၀၆ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~