ကန့်သတ်မြို့များက ရောက်လာသူများကို ကျောက်မဲမြို့တွင်းသို့ ကား/ဆိုင်ကယ်များဖြင့် ခိုးသွင်းနေမှုများရှိနေ၍ ပြည်သူများ သတင်းပေးကြရန် အသိပေးထား

ကန့်သတ်မြို့များက ရောက်လာသူများကို ကျောက်မဲမြို့တွင်းသို့ ကား/ဆိုင်ကယ်များဖြင့် ခိုးသွင်းနေမှုများရှိနေ၍ ပြည်သူများ သတင်းပေးကြရန် အသိပေးထား
စက်တင်ဘာ 16, 2020
By Tachileik News Agency
ကန့်သတ်မြို့များက ရောက်လာသူများကို ကျောက်မဲမြို့တွင်းသို့ ကား/ဆိုင်ကယ်များဖြင့် ခိုးသွင်းနေမှုများရှိနေ၍ ပြည်သူများ သတင်းပေးကြရန် အသိပေးထား
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင်းသို့ ကန့်သတ်မြို့များက ရောက်ရှိလာပြီး  Quarantine မဝင်လိုသူများအား အိမ်စီးကား နှင့် ဆိုင်ကယ်များဖြင့် ခရီးသည်များတင်ကာ မြို့အတွင်း ခိုးသွင်းနေမှုများရှိနေသည့် အတွက် ၎င်းတို့ကို တွေ့ရှိပါက မြို့နယ် Covid ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီသို့ တိုင်ကြားနိုင်ကြောင်း အသိပေးထားရှိသည်။
"ကားနဲ့ဖြစ်ဖြစ် ဆိုင်ကယ်နဲ့ဖြစ်ဖြစ် ခရီးသည်တင်လာပြီး Check Point မှာ အစစ်ဆေးမခံပဲ ခိုးဝင်လာတာတွေ့ရင် ကား/ဆိုင်ကယ်တွေရဲ့ပုံကို ရိုက်ထားပြီး ပုံနဲ့တစ်ကွ တိုင်ကြားကြပါ။ တိုင်တဲ့သူနဲ့ ပတ်သက်ပြီး ကာကွယ်ပေး ထားပါ့မယ်။ အဲ့လို ခိုးသွင်းလာသူ တွေကို ကော်မတီက မိခဲ့ရင် တစ်ကြိမ်က သတိပေးမယ်။ နောက်တစ်ကြိမ်ထပ်မိရင်တော့ သက်ဆိုင်တဲ့ ဥပဒေနဲ့ အရေးယူမယ်"ဟု မြို့နယ် Covid ကာကွယ်ရေး နှင့် အရေးပေါ်တုန့်ပြန်ရေးကာ်မတီ ဥက္ကဌ၊ ကျောက်မဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း က တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာ (၁၆)ရက်နေ့တွင် ပြောသည်။
ကျန်းမာရေး စစ်ဆေးမှုစင်တာရှိသော ပင်လုံလမ်းမှလွဲ၍ ကျောက်မဲမြို့သို့ ဝင်နိုင်သည့် လမ်းများကို ကော်မတီ၏ ညွှန်ကြားချက်ဖြင့် စက်တင်ဘာ (၁၀)ရက်နေ့က စတင် ပိတ်ထားခဲ့သော်လည်း အိမ်စီးကား နှင့် ဆိုင်ကယ် ကယ်ရီများဖြင့် မြို့ပြင်မှ ခရီးသည်များကို သယ်ဆောင်ကာ မြို့တွင်းသို့ ခိုးသွင်းနေမှုများ ရှိနေခြင်း ဖြစ်သည်။
ကျောက်မဲမြို့တွင်းသို့ ဝင်ရောက်မည့် ကုန်တင်ယာဉ်ကြီးများနှင့် ပတ်သက်၍ စက်တင်ဘာ (၁၅)ရက်နေ့က စတင်၍ ကျောက်မဲမြို့နယ်စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုဖြင့် ကုန်တင်ယာဥ်ကြီးများ စစ်ဆေးကြီးကြပ်ရေးအဖွဲ့ ကို ဖွဲ့စည်း ပေးထားပြီး ကုန်တင်ယာဥ်များ စစ်ဆေးရေး စင်တာ ( Check Point 2 ) ကိုလဲ မြို့အဝင် ခိုမုန်းကျေးရွာ စာသင်ကျောင်းအနီး၌ ဖွင့်လှစ်ကာ မန္တလေးနှင့် လားရှိုး ဘက်မှ လာသော ကုန်တင်ယာဥ်များမှ ယာဥ်မောင်းများကို လူစားထိုး လဲလှယ်စေပြီးမှ မြို့အတွင်း ဝင်စေသော စနစ်အား အသုံးပြုနေကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး နှင့် ရခိုင်ပြည်နယ်အပါအဝင် Covid-19 ကူးစက်မှုများနေသည့် မြို့များမှ တဆင့် ကျောက်မဲသို့ လာသူများအနေဖြင့် Quarantine သတ်မှတ်ခံရမည်ဖြစ်သည့်အတွက် အချို့သောသူများမှာ  Quarantine မဝင်လို၍ ခိုးဝင်နေသည်များ ရှိနေကြောင်း သိရသည်။

Tachileik News Agency

သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~