တာချီလိတ်မြို့နယ်အတွင်း မိုင်းဆတ် - တာချီလိတ်လမ်းတွင် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိ

တာချီလိတ်မြို့နယ်အတွင်း မိုင်းဆတ် - တာချီလိတ်လမ်းတွင် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိ
စက်တင်ဘာ 16, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ်အတွင်း မိုင်းဆတ် - တာချီလိတ်လမ်းတွင် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့နယ်အတွင်း တာချီလိတ် - မိုင်းဆတ်သွားကားလမ်းပေါ်တွင် ဆိုင်ကယ်မောင်းလာသည့် အမျိုးသားတစ်ဦးအား စစ်ဆေးရာက မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ၍ အမှုဖွင့် စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ တာချီလိတ် - မိုင်းဆတ်သွား ကားလမ်း၊ စန်းလုကျေးရွာအတက်လမ်းအနီးတွင် ၂၀၂၀ခုနှစ် စက်တင်ဘာလ(၁၆)ရက်နေ့ နံနက်(၁၀)နာရီခွဲဝန်းကျင်အချိန်က အားဆာ ဆိုသူ မောင်းလာသည့် ဆိုင်ကယ်အား မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့တို့က ရပ်တန့်စစ်ဆေးရှာဖွေရာက မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့မှ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ရာတွင် အားဆာ မောင်းလာသည့် ဆိုင်ကယ်တူးဘောင်းအတွင်းထဲက  စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း အပြား (၁၀,၀၀၀)နှင့် ဘိန်းဖြူ စုစုပေါင်း (၁၀၀)ဂရမ်တို့ကို သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ကွင်းဆက်ကို ဖော်ထုတ်နေပြီး တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~