တာချီလိတ်သို့ ပြည်မမှ ဒေသထွက် စားသောက်ကုန်များ သယ်ဆောင်လာမှုအပေါ် ပြည်ပပို့ကုန်မှ လွဲ၍ အခွန်မကောက်

တာချီလိတ်သို့ ပြည်မမှ ဒေသထွက် စားသောက်ကုန်များ သယ်ဆောင်လာမှုအပေါ် ပြည်ပပို့ကုန်မှ လွဲ၍ အခွန်မကောက်
စက်တင်ဘာ 19, 2020
By Tachileik News Agency
တာချီလိတ်သို့ ပြည်မမှ ဒေသထွက် စားသောက်ကုန်များ သယ်ဆောင်လာမှုအပေါ် ပြည်ပပို့ကုန်မှ လွဲ၍ အခွန်မကောက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ဒေသအသီးသီးမှ ဒေသထွက်ကုန်များ နေ့စဉ်ဝင်ရောက်လာနေပြီး ပြည်ပပို့ရန်တင်သွင်းမှုအတွက်မှလွဲ၍ အခွန်ကောက်ခံခြင်းမရှိဘဲ တင်သွင်းခွင့်ပြုထားကြောင်း သိရသည်။
တာချီလိတ်သို့ ပြည်တွင်းမှ ဆန်၊ ဆီ၊ ဒေသထွက် အသီးအနှံများကို ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များဖြင့် နေ့စဉ် တင်သွင်းမှုများရှိနေပြီး မယ်ယန်းဂိတ်အပါအအဝင် တာချီလိတ်သို့ လာရောက်သည့် လမ်းကြောင်းတစ်လျှောက် မည်သည့်ဂိတ်တွင်မှ ကုန်စည်အပေါ် အခွန်အခအဖြစ်ငွေကြေးကောက်ခံခြင်းမရှိကြောင်း သိရသည်။
ယင်းအပြင် မြို့အဝင်အသီးသီး၌ စစ်ဆေးရေးဂိတ်များဖြင့် စစ်ဆေးနေသော်လည်း ကုန်စည်စီးဆင်းမှု မနှောင့်နှေးစေရန် ကုန်တင်ယာဉ်များအား လွတ်လပ်စွာသွားလာခွင့်ပေးထားခြင်းဖြစ်သည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ - ဟန်စိုးထိုက်
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~