တာချီလိတ်ဘက်သို့ အသားငါးနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုအပေါ် ထိုင်းဘက်က Agent Fee ထပ်ဆောင်းကောက်ခံနေခြင်းကို မြန်မာဘက်က ဆွေးနွေးမှုကြောင့် လျှော့ချပေး

တာချီလိတ်ဘက်သို့ အသားငါးနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုအပေါ် ထိုင်းဘက်က Agent Fee ထပ်ဆောင်းကောက်ခံနေခြင်းကို မြန်မာဘက်က ဆွေးနွေးမှုကြောင့် လျှော့ချပေး
စက်တင်ဘာ 14, 2020
By Tachileik News Agency
တာချီလိတ်ဘက်သို့ အသားငါးနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုအပေါ် ထိုင်းဘက်က Agent Fee ထပ်ဆောင်းကောက်ခံနေခြင်းကို မြန်မာဘက်က ဆွေးနွေးမှုကြောင့် လျှော့ချပေး
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ မယ်ဆိုင်ဘက်မှ အသားငါးနှင့် ဟင်းသီးဟင်းရွက်တင်သွင်းမှုအပေါ် ထိုင်းနိုင်ငံက Agent Fee အဖြစ် မော်တော်ယာဉ်တစ်စီးလျှင် ဘတ် (၂၀၀၀) ကောက်ခံနေခြင်းအား လျှော့ချပေးထားကြောင်း ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၄)ရက်နေ့ နှစ်နိုင်ငံ မြို့နယ်အဆင့် အစည်းအဝေးတွင် မယ်ဆိုင်ဘက်က ပြောကြားသည်။
COVID 19 ကာလအတွင်း မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၁)ကို ပိတ်လိုက်ပြီး အမှတ် (၂)တံတားမှ ကုန်စည်ဖြတ်သန်းခွင့်ပေးရာ၌ ချစ်ကြည်ရေးအမှတ်(၁)တံတားမှ တစ်နိုင်တစ်ပိုင်ကုန်စည်အဖြစ် အခွန်မပေးရဘဲ သယ်ဆောင်ခွင့်ရထားသည့် ကုန်ပစ္စည်းများကိုပါ မယ်ဆိုင်ဘက်က အခွန်ကောက်ခံခြင်းအပြင် Agent Fee ပါ ထပ်ဆောင်းကောက်ခံနေ၍ လျှော့ချပေးရန် တာချီလိတ်ဘက် တာဝန်ရှိသူများက ဆွေးနွေးထားခဲ့ခြင်းဖြစ်သည်။
"အရင်တံတား (၁) ကနေ အသီးအရွက်နဲ့ အသားငါးပဲသယ်တာ။ အခုအဲဒီကုန်စည်တွေအပေါ်မှာ ကောက်နေတဲ့ Agent Fee ၂၀၀၀ ကို သြဂုတ်လကုန်ကတည်းက သူတို့ဘက်က မကောက်တော့တာလို့ ပြောတယ်။ ဒါကို စာလည်းမထွက်တော့ ကျွန်တော်တို့လည်း မသိဘူး။ ဒီနေ့အစည်းအဝေးမှ သူတို့ဘက်ကပြောတာ"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်နှင့် မယ်ဆိုင်ကြား နယ်စပ်ဖြတ်သန်းသွားလာခြင်းကို ထိုင်းနိုင်ငံက COVID 19 ထိန်းချုပ်ရေးအတွက် ၂၀၂၀ ခုနှစ်၊ မတ်လ (၂၃)ရက်နေ့ကတည်းက ပိတ်ထားပြီး ကုန်စည်သယ်ယူပို့ဆောင်ရေးအတွက် ကုန်တင်ယာဉ်တစ်စီးလျှင် ယာဉ်မောင်း(၁)ဦးစီ အကန့်အသတ်ဖြင့် မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၂) မှ ဖြတ်သန်းခွင့်ပြုထားခြင်းဖြစ်သည်။
ယခင်က တာချီလိတ်နှင့် မယ်ဆိုင်ကြား ချစ်ကြည်ရေးတံတား (၁)တွင် လူအဝင်အထွက်နှင့် တစ်ပိုင်တစ်နိုင် ကုန်စည်သယ်ဆောင်ခွင့် ပေးထားပြီး ကုန်သွယ်ရေးအတွက် ချစ်ကြည်ရေးတံတား (၂)ကို အသုံးပြုခဲ့ရာမှ တစ်နိုင်တစ်ပိုင် ကုန်စည်များကို တံတား (၂)မှ ဖြတ်သန်းရာ၌ တာချီလိတ်ဘက်က တစ်နိုင်တစ်ပိုင်ကုန်စည်များအပေါ် ယခင်အတိုင်းခွင့်ပြုနေသော်လည်း ထိုင်းဘက်က အခွန်ကောက်ခံခြင်းအပြင် Agent Fee ပါ ထပ်ဆောင်းကောက်ခံလာခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~