တာချီလိတ်မှ ကုန်တင်ယာဉ်မောင်းများအား မယ်ဆိုင်ဘက် အဝင်ကန့်သတ်ပါက ထိုင်းကုန်တင်ယာဉ်မောင်းများကိုလည်း တာချီလိတ်အဝင် ကန့်သတ်မည်

တာချီလိတ်မှ ကုန်တင်ယာဉ်မောင်းများအား မယ်ဆိုင်ဘက် အဝင်ကန့်သတ်ပါက ထိုင်းကုန်တင်ယာဉ်မောင်းများကိုလည်း တာချီလိတ်အဝင် ကန့်သတ်မည်
စက်တင်ဘာ 15, 2020
By Tachileik News Agency
တာချီလိတ်မှ ကုန်တင်ယာဉ်မောင်းများအား မယ်ဆိုင်ဘက် အဝင်ကန့်သတ်ပါက ထိုင်းကုန်တင်ယာဉ်မောင်းများကိုလည်း တာချီလိတ်အဝင် ကန့်သတ်မည်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ဘက်မှ ကုန်တင်ယာဉ်မောင်းများအား ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်သို့ အဝင်ကန့်သတ်ရန် စီစဉ်ပါက မယ်ဆိုင်ဘက်မှ ကုန်တင်ယာဉ်မောင်းများကိုလည်း တပြေးညီ ကန့်သတ်ရန် စီစဉ်မည်ဟု တာချီလိတ်ဘက်မှ တာဝန်ရှိသူများက မယ်ဆိုင်တာဝန်ရှိသူများကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၄)ရက်နေ့၌ ဆွေးနွေးထားသည်။
“တံတားပေါ်ကနေ ကျွန်တော်တို့ မော်တော်ယာဉ်မောင်းတွေကို ဝင်ခွင့်မပြုဘူးဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်တို့ဘက်က ယာဉ်မောင်းတွေ အဝင်မခံဘူး။ တံတားပေါ်ကနေပဲ သူတို့ယာဉ်မောင်းနဲ့ လဲမယ်ဆို သူတို့ဘက်ကလည်း တံတားပေါ်ရောက်တာနဲ့ ကျွန်တော်တို့ဘက်က ယာဉ်မောင်းနဲ့လဲမယ်။ ကုန်ပစ္စည်းတွေ ထားခဲ့။ သူတို့ဘက်က ပေးမဝင်ရင် ကျွန်တော်တို့ဘက်ကလည်း ပေးမဝင်ဘူးဆိုတာ ပြန်ပြီးတော့ ဆွေးနွေးခဲ့တာပေါ့။”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်နှင့် မယ်ဆိုင်ကြား နယ်စပ်အဝင်အထွက်ကို မတ်လ (၂၃)ရက်နေ့ကတည်းက ယာယီပိတ်ထားပြီး ကုန်သွယ်ရေးအတွက် ကုန်တင်ယာဉ်မောင်း (၁)ဦးစီသာပါဝင်သည့် ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့်ပေးထားရာ မြန်မာဘက်တွင် COVID 19 အတည်ပြုလူနာ တိုးလာချိန်၌ ထိုင်းဘက်က မြန်မာယာဉ်မောင်းများအား မယ်ဆိုင်ဘက် အဝင်မခံတော့ရန် စီစဉ်လာသဖြင့် တာချီလိတ်ဘက်မှ တာဝန်ရှိသူများက နှစ်နိုင်ငံ မြို့နယ်အဆင့်ဆွေးနွေးပွဲတွင် ပြန်လည်တုန့်ပြန်ဆွေးနွေးထားခြင်းဖြစ်သည်။
နှစ်နိုင်ငံ နယ်စပ်ကိစ္စများကို ဆုံးဖြတ်ရာ၌ နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးပြီးမှသာ ဆုံးဖြတ်ရခြင်းဖြစ်သော်လည်း မယ်ဆိုင်ဘက်က မြန်မာကုန်တင်ယာဉ်မောင်းများအား မယ်ဆိုင်ဘက်၌ ညအိပ်ရမည်ဟု တာချီလိတ်ဘက်သို့ မညှိနှိုင်းဘဲ သြဂုတ်လအတွင်းက ထုတ်ပြန်ခဲ့သဖြင့် တာချီလိတ်တာဝန်ရှိသူများက ထိုင်းယာဉ်မောင်းများအား အလားတူစည်းကမ်းချက်များ ပြန်လည်သတ်မှတ်လိုက်ရာ မယ်ဆိုင်ဘက်က ထုတ်ပြန်ချက်ကို ပြန်ရုပ်သိမ်းခဲ့သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~