စက်တင်ဘာလ(၂၄)ရက်နေ့အတွက် (၂)သုတ်ပေါင်း စစ်ဆေးမှုတွင် Covid-19 အတည်ပြုလူနာ စုစုပေါင်း (၆၈၈)ဦး ထပ်တိုး

စက်တင်ဘာလ(၂၄)ရက်နေ့အတွက် (၂)သုတ်ပေါင်း စစ်ဆေးမှုတွင် Covid-19 အတည်ပြုလူနာ စုစုပေါင်း (၆၈၈)ဦး ထပ်တိုး
စက်တင်ဘာ 25, 2020
By Tachileik News Agency
စက်တင်ဘာလ(၂၄)ရက်နေ့အတွက် (၂)သုတ်ပေါင်း စစ်ဆေးမှုတွင် Covid-19 အတည်ပြုလူနာ စုစုပေါင်း (၆၈၈)ဦး ထပ်တိုး
အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)အပါအဝင် ဆေးရုံများမှ စက်တင်ဘာလ(၂၄)ရက်နေ့အတွက် ဓါတ်ခွဲနမူနာပေါင်း (၄,၇၂၅)ခုကို နှစ်သုတ်ခွဲ၍ စစ်ဆေးရာ အတည်ပြုလူနာ စုစုပေါင်း (၆၈၈)ဦးထပ်တိုးကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက စက်တင်ဘာလ(၂၅)ရက်နေ့ နံနက်(၈)နာရီတွင် သတင်းထုတ်ပြန်ထားရှိသည်။

စက်တင်ဘာလ(၂၄)ရက်နေ့အတွက် ပထမအသုတ်အဖြစ် ဓါတ်ခွဲနမူနာ(၂,၄၂၆)ခုကို စစ်ဆေးရာ  (၅၁၇)ဦးတွင် Covid-19 တွေ့ရှိကြောင်း စက်တင်ဘာလ(၂၄)ရက်နေ့ ည(၈)နာရီအချိန်က သတင်းထုတ်ပြန်ထားပြီး ဒုတိယအသုတ်အတွက် (၂,၂၉၉)ခုအား ဆက်လက်စစ်ဆေးရာ အတည်ပြုလူနာ (၁၇၁)ဦးထပ်တိုးကြောင်း စက်တင်ဘာလ (၂၅)ရက်နေ့ နံနက်(၈)နာရီအချိန်တွင် သတင်းထုတ်ပြန်ထားရှိရ၍ စုစုပေါင်း (၆၈၈)ဦးထပ်တိုးခြင်း ဖြစ်သည်။

နိုင်ငံအတွင်း ၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့မှ စက်တင်ဘာလ (၂၅)ရက်နေ့ နံနက်(၈)နာရီအထိ Covid-19 ကူးစက်ခံရသူ စုစုပေါင်း (၈,၅၁၅)ဦးရှိရာ (၁၅၅)ဦးသေဆုံးသွားပြီး ဆေးရုံဆင်းခွင့်ရသူမှာ (၂,၃၈၁)ဦးရှိကြောင်းနှင့် လက်ရှိတွင် ဆေးဝါးကုသမှု ခံယူနေသူမှာ (၅,၉၇၉)ဦးရှိနေကြောင်း သိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက Covid-19 ဓါတ်ခွဲအဖြေများ၏ ပထမသုတ်အဖြေကို ည(၈)နာရီတွင် ထုတ်ပြန်ပေးလေ့ရှိပြီး ဒုတိယအသုတ်၏ အဖြေကို နောက်တစ်နေ့ နံနက်(၈)နာရီတွင် သတင်းထုတ်ပြန်ပေးလေ့ရှိသည်။

Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~