တာချီလိတ်တွင် quarantine ဝင်နေသည့် ထိုင်းနိုင်ငံမှပြန်လာသူ (၇၀)တွင် COVID 19 ပိုးမတွေ့၍ နေရပ် quarantine ဝင်ရန်လွှဲပြောင်းပို့ဆောင်

တာချီလိတ်တွင် quarantine ဝင်နေသည့် ထိုင်းနိုင်ငံမှပြန်လာသူ (၇၀)တွင် COVID 19 ပိုးမတွေ့၍ နေရပ် quarantine ဝင်ရန်လွှဲပြောင်းပို့ဆောင်
သြဂုတ် 10, 2020
By 🌸
တာချီလိတ်တွင် quarantine ဝင်နေသည့် ထိုင်းနိုင်ငံမှပြန်လာသူ (၇၀)တွင် COVID 19 ပိုးမတွေ့၍ နေရပ် quarantine ဝင်ရန်လွှဲပြောင်းပို့ဆောင်
မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ရှိ မိုးကုတ်ဝိပဿနာတရားရိပ်သာ၌ quarantine ဝင်နေသည့် ထိုင်းနိုင်ငံမှ ပြန်လာသူ (၇၀) ဦးတွင် COVID 19 ပိုးမတွေ့ရကြောင်း ဓာတ်ခွဲအဖြေရသဖြင့် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၀) ရက်နေ့ နံနက်ပိုင်းက နေရပ်အသီးသီးသို့ ပြန်ပို့လိုက်ပြီဖြစ်သည်။
မိုးကုတ်ဝိပဿနာတရားရိပ်သာတွင် quarantine ဝင်နေသည့် ထိုင်းနိုင်ငံမှ ပြန်ဝင်လာသူ (၁၃၄)ဦးရှိသည့်အနက် ပထမအသုတ်ဝင်လာသည့် လူဦးရေ (၇၀)၏ ဓာတ်ခွဲအဖြေရ၍ မိမိတို့ နေရပ်အသီးသီးတွင် (၂၁)ရက်ပြည့်သည်အထိ ဆက်လက်၍ quarantine ဝင်နိုင်ရန် ပြန်ပို့ထားခြင်းဖြစ်သည်။
ကျန်ရှိသည့် (၆၄)ဦးကိုလည်း ဓာတ်ခွဲအဖြေများရရှိမှုအပေါ်မူတည်၍ နေရပ်ပြန်ပို့သွားမည်ဖြစ်သည်။
နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်သို့ ထိုင်းနှင့် လာအိုနိုင်ငံတို့မှ ပြစ်ဒဏ်စေ့၍ ပြန်လွှဲလာသူများနှင့် တာချီလိတ်ဒေသခံများကို မိုးကုတ်ဝိပဿနာတရားရိပ်သာ၌ quarantine ထားရှိပြီး ဓာတ်ခွဲနမူနာရယူစစ်ဆေးကာ COVID 19 ပိုးမတွေ့ရကြောင်း အဖြေရပါက နေရပ်အသီးသီးသို့ ပြန်ပို့ကာ (၂၁)ရက်ပြည့်သည်အထိ quarantine ဝင်စေခြင်းဖြစ်သည်။
နေရပ်ပြန်လာသူများကို နယ်စပ်မှ ဝင်လာသည့်နေ့မှာပင် သက်ဆိုင်ရာဒေသအသီးသီးသို့ ပြန်ပို့ကာ နေရပ်တွင် quarantine ဝင်စေခြင်းဖြစ်သည်။
Tachileik News Agency
ဓာတ်ပုံ - စောခေါင်
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~