ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)က ရှမ်းပြည်နယ်အတွင်း ကိုယ်စားလှယ်လောင်း (၁၂)ဦး ဝင်ရောက်ယှဉ်ပြိုင်မည်

ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)က ရှမ်းပြည်နယ်အတွင်း ကိုယ်စားလှယ်လောင်း (၁၂)ဦး ဝင်ရောက်ယှဉ်ပြိုင်မည်
သြဂုတ် 9, 2020
By Tachileik News Agency

 ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)က ရှမ်းပြည်နယ်အတွင်း ကိုယ်စားလှယ်လောင်း (၁၂)ဦး ဝင်ရောက်ယှဉ်ပြိုင်မည်

ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)က ၂၀၂၀ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်း ကိုယ်စားလှယ်လောင်း (၁၂)ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ၂၀၂၀ခုနှစ် ဩဂုတ်လ(၉)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ရှမ်းပြည်နယ်အတွင်း၌ အမျိုးသားလွှတ်တော် (၂)နေရာ၊ ပြည်သူ့လွှတ်တော် (၄)နေရာ၊ ပြည်နယ်လွှတ်တော် (၆)နေရာ စုစုပေါင်း (၁၂)နေရာဖြစ်ရာ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးပါဝင်မည်ဖြစ်သည်။

ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)သည် တရားဝင်နိုင်ငံရေးပါတီအဖြစ် ၂၀၁၉ခုနှစ် အောက်တိုဘာလ(၂၃)ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံက ခွင့်ပြုချက်ရရှိထားပြီး ဥက္ကဌအဖြစ် ဒေါက်တာသက်သက်ခိုင်က ဆောင်ရွက်နေသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~