ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ကိုယ်စားလှယ်လောင်း (၈)ဦး ဝင်ရောက် ယှဉ်ပြိုင်မည်

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ကိုယ်စားလှယ်လောင်း (၈)ဦး ဝင်ရောက် ယှဉ်ပြိုင်မည်
သြဂုတ် 8, 2020
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ကိုယ်စားလှယ်လောင်း (၈)ဦး ဝင်ရောက် ယှဉ်ပြိုင်မည်

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)က ၂၀၂၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရေးကောက်ပွဲတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်းရှိ ကျိုင်းတုံ နှင့် တာချီလိတ်တို့တွင်  ကိုယ်စားလှယ်လောင်း (၈)ဦး ဝင်ပြိုင်မည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားရှိသည်။

 ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း (၂)နေရာ အပါအဝင် ကျိုင်းတုံ နှင့် တာချီလိတ်မြို့တို့တွင် စုစုပေါင်း (၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)က ရှမ်းပြည်နယ်အတွင်း၌ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း နေရာတွင် (၆)နေရာ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းနေရာတွင် (၇)နေရာ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာတွင် (၁၄)နေရာ နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာတွင် (၂၈)နေရာ စုစုပေါင်း (၅၅)နေရာ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(Union Betterment Party - UBP )အား ဦးဆောင်သူမှာ သူရဦးရွှေမန်း ဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~