COVID 19 အတည်ပြုလူနာ (၁)ဦး ထပ်တိုး၍ အတည်ပြုလူနာစုစုပေါင်း (၃၆၀)ရှိလာ

COVID 19 အတည်ပြုလူနာ (၁)ဦး ထပ်တိုး၍ အတည်ပြုလူနာစုစုပေါင်း (၃၆၀)ရှိလာ
သြဂုတ် 9, 2020
By 🌸
COVID 19 အတည်ပြုလူနာ (၁)ဦး ထပ်တိုး၍ အတည်ပြုလူနာစုစုပေါင်း (၃၆၀)ရှိလာ
အမေရိကန်ပြည်ထောင်စုမှ ပြန်လာ၍ အသွားအလာကန့်သတ်ထားသည့် အမျိုးသား (၁)ဦးတွင် COVID 19 ကူးစက်ခံထားရကြောင်း တွေ့ရသဖြင့် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၉) ရက်နေ့ညပိုင်းအထိ မြန်မာနိုင်ငံ၌ COVID 19 အတည်ပြုလူနာ (၃၆၀)ဦး ရှိနေပြီဖြစ်သည်။
အဆိုပါ အမျိုးသားကို ရန်ကုန်မြို့ရှိ မင်္ဂလာဒုံမြို့နယ်တွင် အသွားအလာ ကန့်သတ်ထားခြင်းဖြစ်ပြီး ဝေဘာဂီ အထူးကုဆေးရုံသို့ ပို့ဆောင်ကုသပေးမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် သြဂုတ်လ (၉)ရက်နေ့အထိ ဓာတ်ခွဲစစ်ဆေးတွေ့ရသည့် အတည်ပြုလူနာများအနက် (၃၁၂)ဦးမှာ ဆေးရုံဆင်းခွင့်ရထားပြီး သေဆုံးသူ (၆)ဦး ရှိခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏  သြဂုတ်လ (၈)ရက်နေ့ မြန်မာစံတော်ချိန် ည (၇) နာရီအထိ ထုတ်ပြန်ချက်အရ တစ်ကမ္ဘာလုံးတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာဦးရေ စုစုပေါင်း (၁၉,၁၈၇,၉၄၃) ဦးနှင့် သေဆုံးသူဦးရေ စုစုပေါင်း (၇၁၆,၀၇၅) ဦး ရှိနေကြောင်း သိရသည်။
COVID 19 ကာကွယ်ရေးအတွက် တတ်နိုင်သမျှ လူစုလူဝေးရှိရာ နေရာများသို့ မလိုအပ်ဘဲ (လုံးဝ) မသွားကြရန်၊ တစ်ဦးနှင့် တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာ နေထိုင်ကြပါရန်နှင့် ဖြစ်နိုင်ပါက အနည်းဆုံး (၆) ပေ အကွာမှသာ နေထိုင်ပြောဆိုဆက်ဆံကြရန်၊ မဖြစ်မနေ အပြင်ထွက်ပါက ပါးစပ်နှင့် နှာခေါင်းစည်း (mask) ကို စနစ်တကျ မပျက်မကွက် တပ်ဆင်ကြရန်နှင့်  လက်ကို ဆပ်ပြာနှင့်ရေ အသုံးပြု၍ အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် ဆေးကြောကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~