COVID 19 ကာလအတွင်း ပြန်လည် ဖွင့်လှစ်ခွင့်ပြုထားသည့် စားသောက်ဆိုင်များ နှင့် ဖွင့်ခွင့်မပေးထားသေးသည့် KTV နှင့် ဘား၊ ကလပ်များကို စစ်ဆေးရန် ညွှန်ကြား

COVID 19 ကာလအတွင်း ပြန်လည် ဖွင့်လှစ်ခွင့်ပြုထားသည့် စားသောက်ဆိုင်များ နှင့် ဖွင့်ခွင့်မပေးထားသေးသည့် KTV နှင့် ဘား၊ ကလပ်များကို စစ်ဆေးရန် ညွှန်ကြား
သြဂုတ် 1, 2020
By Tachileik News Agency
COVID 19 ကာလအတွင်း ပြန်လည် ဖွင့်လှစ်ခွင့်ပြုထားသည့် စားသောက်ဆိုင်များ နှင့် ဖွင့်ခွင့်မပေးထားသေးသည့် KTV နှင့် ဘား၊ ကလပ်များကို စစ်ဆေးရန် ညွှန်ကြား

COVID 19 ကာလအတွင်း ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားသည့် လုပ်ငန်းများတွင် ရောဂါကာကွယ်ရေး အစီအမံများကို ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ထားမှုကို စစ်ဆေးရန်နှင့် ဖွင့်ခွင့်ပေးမထားသည့် လုပ်ငန်းများ ပြန်ဖွင့်နေခြင်းကို တင်းကြပ်စွာ တားမြစ်ရန် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၉) ရက်နေ့၌ ထပ်မံညွှန်ကြားထားကြောင်း သိရသည်။

“ ဗဟိုကော်မတီက ထပ်ပြီးညွှန်ကြားလာတာက ခိုးဖွင့်နေတဲ့ KTV တွေ၊ ဘားတွေ၊ ကလပ်တွေကို တင်းကြပ်စွာ တားမြစ်ဖို့ဆိုပြီး ညွှန်ကြားလာတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ကူးစက်မြန်တာပေါ့နော်။ ဒီအခန်းလေးထဲမှာပဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ကူးသွားဖို့က တအားမြန်တယ်။ ဒါ့အပြင် အခု ပြန်ဖွင့်ခွင့်ပေးထားတဲ့ ဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေ စတာတွေကိုလည်း သတ်မှတ်စည်းကမ်းနဲ့အညီ ပြုလုပ်ထားခြင်း ရှိ၊မရှိဆိုတာကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဝန်ထမ်းတွေက ပူးပေါင်းအဖွဲ့တွေနဲ့ ပြန်စစ်ပြီး ပြန်လည်တင်ပြဖို့ဆိုပြီး ညွှန်ကြားထားတာလည်းရှိပါတယ်”ဟု COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ပြည်နယ်အဆင့် တာဝန်ရှိသူတစ်ဦးဖြစ်သည့် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

COVD 19 ကာကွယ်ရေးအတွက် ကန့်သတ်ချက်များကို သြဂုတ်လ (၁၅) ရက်နေ့အထိ ဆက်တိုးထားပြီး ရောဂါကူးစက်ပျံ့နှံ့မှု မြန်ဆန်စေနိုင်သည့် နေရာများဖြစ်သည်ဟု သတ်မှတ်ထားသည့် KTV၊ ဘား၊ ကလပ်စသည့် လုပ်ငန်းများမှလွဲ၍ ကျန်လုပ်ငန်းများကို COVID 19 ကာကွယ်ရေး အစီအမံများဖြင့် ပြန်လည်လုပ်ကိုင်ခွင့်ပြုနေခြင်းဖြစ်သည်။

အကန့်အသတ်ဖြင့် ပြန်လည်လုပ်ကိုင်ခွင့်ပြုထားသည့် လုပ်ငန်းများတွင် ရောဂါကာကွယ်ရေးအစီအမံများကို ညွှန်ကြားချက်အတိုင်း အတိအကျ လိုက်နာခြင်း ရှိမရှိကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အလိုက် ဖွဲ့စည်းထားသည့် Coronavirus Disease 2019 (COVID-19) ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီတို့က စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~