ထိုင်းနိုင်ငံတွင် သေဒဏ်ကျခံနေရသည့် ဝင်းနှင့်ဇော်အား ထိုင်းဘုရင်က သေဒဏ်အစား ထောင်ဒဏ်တစ်သက်သို့ လျှော့ပေါ့ ခံစားခွင့်ပေး

ထိုင်းနိုင်ငံတွင် သေဒဏ်ကျခံနေရသည့် ဝင်းနှင့်ဇော်အား ထိုင်းဘုရင်က သေဒဏ်အစား ထောင်ဒဏ်တစ်သက်သို့ လျှော့ပေါ့ ခံစားခွင့်ပေး
သြဂုတ် 14, 2020
By Tachileik News Agency
ထိုင်းနိုင်ငံတွင် သေဒဏ်ကျခံနေရသည့် ဝင်းနှင့်ဇော်အား ထိုင်းဘုရင်က သေဒဏ်အစား  ထောင်ဒဏ်တစ်သက်သို့ လျှော့ပေါ့ ခံစားခွင့်ပေး

ထိုင်းဘုရင်မင်းမြတ်က  လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၄)ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်ရာ မြန်မာနိုင်ငံသား ဝင်းနှင့်ဇော် အပါအဝင် ထိုင်းနိုင်ငံတွင်း သေဒဏ်ကျခံနေရသူများ ထောင်ဒဏ်တစ်သက်သို့ လျှော့ပေါ့ခံစားခွင့်ရသွားပြီဖြစ်သည်။

ထိုင်းဘုရင်မင်းမြတ်၏ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ထိုင်းနိုင်ငံတွင် ဝင်းနှင့်ဇော်ကဲ့သို့ အလားတူ ပြစ်ဒဏ်ကျခံနေရသူများလည်း ပြစ်ဒဏ်လျှော့ပေါ့ခံစားခွင့်ရကြကြောင်း သိရသည်။

မြန်မာနိုင်ငံသား ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့သည် ထိုင်းနိုင်ငံ၊ လိပ်ကျွန်း(ခိုတောင်ကျွန်း) လူသတ်မှုဖြင့် သေဒဏ်ချမှတ်ခံထားရမှုအတွက် နောက်ဆုံးအယူခံဝင်သည် အထိ အချိန် (၅)နှစ်ကြာ တရားရင်ဆိုင်ခဲ့ပြီးနောက် နွန်ထဘူရီခရိုင်တရားရုံးတွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၉)ရက်နေ့၌ နောက်ဆုံးအယူခံ ရှုံးနိမ့်ခဲ့ကာ သေဒဏ်ကျခံနေရသူများဖြစ်သည်။

ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင်အတွင်းရှိ ခိုတောင်ကျွန်း (လိပ်ကျွန်း)တွင် ၂၀၁၄ ခုနှစ်ကုန်ပိုင်းက ဗြိတိန် နိုင်ငံသား (၂) ဦး အသတ်ခံရမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသားနှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့အား ကော်စမွီခရိုင်တရားရုံးက ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် သေဒဏ် စီရင်ချက်ချခဲ့ခြင်းခံရသဖြင့် ထိုင်းရှေ့နေများ ပူးပေါင်း၍ ထိုင်းအယူခံ တရားရုံးတွင် နှစ်ကြိမ်တိုင်တိုင် အယူခံတင်ခဲ့ပြီးဖြစ်သည်။

ဝင်းနှင့်ဇော်အား ချမှတ်သည့်ပြစ်ဒဏ်နှင့်ပတ်သက်၍ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၂၁) ရက်နေ့တွင် ကော့စမွေ တရားရုံးမှ တစ်ဆင့် အဆင့်မြင့်ထိုင်းအယူခံတရားရုံးသို့ နောက်ဆုံးအယူခံတင်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်၊ မတ်လ (၂၃) ရက်နေ့က ထိုင်းအဆင့်မြင့်တရားရုံးသို့ အယူခံ ခုခံလျှောက်လဲချက် ထပ်မံတင်သွင်းခဲ့ကြခြင်းဖြစ်သည်။

ဝင်းနှင့်ဇော်က လူသတ်မှုနှင့် ပတ်သက်၍ ဝန်ခံသည်ဟု ထိုင်းရဲအရာရှိများက အခင်းဖြစ်ပွားပြီးနောက် ထုတ်ပြန်ကြေညာခဲ့သော်လည်း နောက်ပိုင်းတွင် ထိုင်းရဲများ၏ နှိပ်စက်ဝန်ခံခိုင်းခြင်းကြောင့် ဝန်ခံခဲ့ရပြီး လူသတ်မှုကို မကျူးလွန်ကြောင်း ထွက်ဆိုထားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~