"ဝ"အမျိုးသားပါတီက ရှမ်းပြည်နယ်အတွင်း ကိုယ်စားလှယ်လောင်း (၂၁)ဦး ဝင်ရောက်ယှဉ်ပြိုင်မည်

"ဝ"အမျိုးသားပါတီက ရှမ်းပြည်နယ်အတွင်း ကိုယ်စားလှယ်လောင်း (၂၁)ဦး ဝင်ရောက်ယှဉ်ပြိုင်မည်
သြဂုတ် 14, 2020
By Tachileik News Agency

"ဝ"အမျိုးသားပါတီက ရှမ်းပြည်နယ်အတွင်း ကိုယ်စားလှယ်လောင်း (၂၁)ဦး ဝင်ရောက်ယှဉ်ပြိုင်မည်

"ဝ"ပါတီ(၃)ခုကို တစ်ခုတည်းအဖြစ် ပေါင်းစည်ဖွဲ့စည်းထားသည့် "ဝ"အမျိုးသားပါတီ(WNP)က ရှမ်းပြည်နယ် အတွင်း မဲဆန္ဒနယ်များတွင် ကိုယ်စားလှယ်လောင်း (၂၁)ဦး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း "ဝ"အမျိုးသားပါတီ(WNP)၏ ကျိုင်းတုံမြို့ရှိ ဗဟိုဌာနချုပ်(ရုံးခွဲ)ထံက သိရသည်။

 "ဝ"အမျိုးသားပါတီ(WNP)မှ ရှမ်းပြည်နယ်တွင်း မဲဆန္ဒနယ်များဖြစ်သည့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် (၃)နေရာ၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် (၆)နေရာ နှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်တွင် (၁၂)နေရာ စုစုပေါင်း (၂၁)နေရာ ဖြစ်သည်။

အဆိုပါ ကိုယ်စားလှယ်လောင်း (၂၁)ဦးတွင် အမျိုးသားသမီး ကိုယ်စားလောင်းအနေဖြင့် အမျိုးသားလွှတ်တော်တွင် (၂)နေရာ နှင့် ပြည်နယ်လွှတ်တော်(၂)နေရာတို့တွင်  ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

"ဝ"အမျိုးသားပါတီ(WNP)၏ ဥက္ကဌ ဖြစ်သူ ဦးဆိုင်ပေါင်းနပ်သည် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၁၁)တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အဆိုပါ မဲဆန္ဒနယ်သည် “ဝ” ကိုယ်ပိုင်အုပ်ချပ်ခွင့်ရတိုင်း တစ်ခုလုံး ပါဝင်သည်။

‘ဝ’အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ၊ ‘ဝ’ဒီမိုကရက်တစ်ပါတီ နှင့် ‘ဝ’လစ်ဘရယ် ဒီမိုကရက်တစ်တိုးတက်ဖွံ့ဖြိုးရေးပါတီတို့ကို တစ်ခုတည်းအဖြစ်  ပေါင်းစည်းလိုက်ပြီး ‘ဝ’အမျိုးသားပါတီ (WA NATIONAL PARTY)အား နိုင်ငံရေးပါတီ အဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ခုနှစ် ဧပြီလ(၂)ရက်နေ့ ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~