၂၀၂၀ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်း USDP ပါတီက ကိုယ်စားလှယ်လောင်း (၁၅၁)ဦး ဝင်ရောက် ယှဉ်ပြိုင်မည်

၂၀၂၀ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်း USDP ပါတီက ကိုယ်စားလှယ်လောင်း (၁၅၁)ဦး ဝင်ရောက် ယှဉ်ပြိုင်မည်
သြဂုတ် 12, 2020
By Tachileik News Agency
၂၀၂၀ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်း USDP ပါတီက ကိုယ်စားလှယ်လောင်း (၁၅၁)ဦး ဝင်ရောက် ယှဉ်ပြိုင်မည်

၂၀၂၀ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)က  ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားရေးရာမဲဆန္ဒနယ်(၄)နေရာ အပါအဝင် ကိုယ်စားလှယ်လောင်း (၁၅၁)ဦး ဝင်‌ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ၂၀၂၀ခုနှစ် ဩဂုတ်လ(၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်ထားရှိသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)က ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် မဲဆန္ဒနယ်(၃)နေရာများ ဖြစ်သည့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွင် (၂)ဦး ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် (၁၀)ဦး နှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်တွင် (၁၈)ဦး စုစုပေါင်း (၃၀)ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင်  မဲဆန္ဒနယ်များဖြစ်သည့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွင် (၆)ဦး ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် (၁၉)ဦး နှင့် လီဆူးတိုင်းရင်းသားရေးရာနေရာတစ်နေရာ အပါအဝင် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်တွင် (၃၉)ဦး စုစုပေါင်း (၆၄)ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် မဲဆန္ဒနယ်များဖြစ်သည့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွင် (၃)ဦး ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် (၁၈)ဦး နှင့် ဗမာ၊ အင်း နှင့် ကယန်းတိုင်းရင်းသားရေးရာနေရာများအပါအဝင် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်တွင် (၃၆)ဦး စုစုပေါင်း (၅၇)ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~