၂၀၂၀ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ရှမ်းပြည်နယ်အတွင်းမှ ဝင်ရောက်ဖြေဆိုသူ (၆၂၀၀၀)ကျော်အနက် (၁၇၀၀၀)ကျော်သာ အောင်မြင်

၂၀၂၀ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ရှမ်းပြည်နယ်အတွင်းမှ ဝင်ရောက်ဖြေဆိုသူ (၆၂၀၀၀)ကျော်အနက် (၁၇၀၀၀)ကျော်သာ အောင်မြင်
သြဂုတ် 9, 2020
By Tachileik News Agency

၂၀၂၀ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ရှမ်းပြည်နယ်အတွင်းမှ ဝင်ရောက်ဖြေဆိုသူ (၆၂၀၀၀)ကျော်အနက် (၁၇၀၀၀)ကျော်သာ အောင်မြင် 

၂၀၂၀ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ရှမ်းပြည်နယ်အတွင်းမှ ဝင်ရောက်ဖြေဆိုသူ (၆၂,၄၃၂)ဦးတွင် (၁၇,၆၂၁)ဦးသာ  အောင်မြင်၍ (၄၄,၈၁၁)ဦးမှာ ဖြေဆိုမှု မအောင်မြင်သူများ ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားရှိသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)မှ (၃၉,၂၆၃)ဦး ဖြေဆိုရာ (၁၀,၃၁၈)ဦး အောင်မြင်ပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ (၅,၀၃၇)ဦး ဖြေဆိုရာ (၁,၀၅၂)ဦး အောင်မြင်ကာ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ (၁၈,၁၂၃)ဦး ဖြေဆိုရာတွင် (၅,၆၅၁)ဦး အောင်မြင်သည်။

ရှမ်းပြည်နယ်အတွင်းမှ တက္ကသိုလ်ဝင်တန်းအောင်မြင်သူ (၁၇,၆၂၁)ဦးတွင် ဂုဏ်ထူးရရှိသူများအနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)မှ (၁၈၃၃)ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ (၁၀၁၅)ဦး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ (၁၂၈)ဦး ပါဝင်သည်။

မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၂၀ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဝင်ရောက်ဖြေသူ ( ၉၁၀,၂၂၉)ဦးရှိရာ အောင်မြင်သူမှာ (၂၉၁,၇၉၈)ဦးရှိပြီး စာမေးပွဲကျသူမှာ ( ၆၁၈,၄၃၁ )ဦးသည့်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အောက်ချက်မှာ (၃၂.၀၆)ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားရှိသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~