တာချီလိတ်မြို့တွင်း နေရာပေါင်း (၆)နေရာတွင် ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင် စစ်ဆေး

တာချီလိတ်မြို့တွင်း နေရာပေါင်း (၆)နေရာတွင် ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင် စစ်ဆေး
သြဂုတ် 1, 2020
By Tachileik News Agency

တာချီလိတ်မြို့တွင်း နေရာပေါင်း (၆)နေရာတွင် ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင် စစ်ဆေး

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ဒုစရိုက်မှုလျော့ပါးရေးအတွက် ရဲတပ်ဖွဲ့ အပါအဝင် သက်ဆိုင်ရာ ရပ်ကွက်များ၏ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့ဝင်များက  ၂၀၂၀ခုနှစ် ဩဂုတ်လ (၁)ရက်နေ့ ညပိုင်း၌ နေရာပေါင်း (၆)နေရာတွင် ရှောင်တခင် စစ်ဆေးမှုများ လုပ်ဆောင်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့မှ စစ်ဆေးမှုများ လုပ်ဆောင်ရာတွင် မော်တော်ကား နှင့် ဆိုင်ကယ်များအား စစ်ဆေးခြင်း၊ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ သယ်ဆောင်လာခြင်း ရှိ မရှိကို အဓိကထား စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

လမ်းများနှင့်လမ်းကြားများတွင် ယခုလို ရှောင်တခင် စစ်ဆေးသည့်အခါများ၌ လက်နက်ခဲယမ်း နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိသည့်အပြင် တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား(ထိုင်း နှင့်တရုတ်)များကိုလည်း ဖမ်းဆီးရမိမှုများ ရှိခဲ့ကြောင်း သိရသည်။

Covid-19 ကာလအတွင်း ညမထွက်ရ အမိန့်လည်း ၂၀၂၀ခုနှစ် ဩဂုတ်လ(၂၀)ရက်နေ့အထိ ထုတ်ပြန်ထားရှိပြီး ည(၁၂)နာရီမှ နံနက်(၄)နာရီအတွင်း ထွက်သူများကို စစ်ဆေးဖမ်းဆီးရမိပါက ထောင်ဒဏ်(၃)လ ချမှတ်ခဲ့သည်မှာလည်း လူဦးရေ(၂၀)ကျော်အထိ ရှိခဲ့ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - Tiger Wan


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~