မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူ (၃) ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူ

မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူ (၃) ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူ
သြဂုတ် 6, 2020
By Tachileik News Agency

မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူ (၃) ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူ (၃) ဦးကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၆) ရက်နေ့၌ မိတ္ထီလာမြို့မရဲစခန်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အငယ်တန်း အင်ဂျင်နီယာ-၂ ဦးမျိုးဇော်၊ အင်ဂျင်နီယာမှူး ဦးမြင့်ဝင်း နှင့် အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်တင်တို့သည် ၂၀၁၈ -၂၀၁၉ ပထမ(၆)လပတ် ဘတ်ဂျက်ဖြင့် မြို့ပြစည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ငွေကြေးအလွဲသုံးစားပြုလုပ်ကြောင်း အဂတိလိုကစားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားသဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဆေးတွေ့ရှိချက်အရ အငယ်တန်းအင်ဂျင်နီယာ-၂ ဦးမျိုးဇော်သည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မီနီဘတ်ဂျက် အမှိုက်ကျင်းပြင်ဆင်ခြင်းလုပ်ငန်းတွင် အမှိုက်ကျင်းဟောင်းပြင်ဆင်ခြင်းအတွက် မူလခွင့်ပြုငွေမှ ငွေကျပ်သိန်း(၁၅၀)ကို ငွေလက်ခံရယူသူ လက်မှတ်မပါရှိဘဲ အမှန်တကယ် ပေးချေခဲ့ခြင်း မရှိသည့် ငှားရမ်းခပြေစာ (၂)စောင် အသုံးပြု၍ ထုတ်ယူခဲ့ပြီး Dozer ငှားရမ်းခ ငွေကျပ် (၁၅)သိန်းသာ ပေးချေခဲ့သဖြင့် နိုင်ငံတော်ဘဏ္ဍာငွေမှ ငွေကျပ် (၁၃၅)သိန်း နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်စေခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ အမှုဖွင့်ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းအပြင် အငယ်တန်း အင်ဂျင်နီယာ-၂ ဦးမျိုးဇော်မှငွေကျပ် သိန်း(၁၅၀) တင်ပြတောင်းခံခဲ့ရာတွင် ငွေထုတ်ယူ ခွင့်ပြုခဲ့သည့် အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်တင်ကိုလည်း အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ အရ အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူး ဦးမြင့်ဝင်းသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မိတ္ထီလာမြို့၊ ပေါက်ချောင်း ရပ်ကွက်ရှိ နယ်မြေ (၂) နှင့် (၃) တို့၌ အရှည် ပေ (၃၀၀၀)၊ အကျယ်(၁၆)ပေ၊ အမြင့်(၆)လက်မ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် တင်ဒါခေါ်ယူခြင်းမရှိခြင်း၊ ဘတ်ဂျက်ခွင့်ပြုငွေမှ ပိုလျှံငွေများကို လုပ်ထုံးလုပ်နည်းနှင့်အညီ စီမံခန့်ခွဲမှု မရှိခြင်းတို့ကြောင့် နိုင်ငံတော် ဘဏ္ဍာငွေမှ ငွေကျပ် (၆,၇၁၀,၀၇၄) နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်စေခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် သဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ဦးမြင့်ဝင်းမှ ငွေထုတ်ယူခြင်းအား ခွင့်ပြုခဲ့သည့် အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်တင်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ အရ အမှုဖွင့်ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~