ရခိုင်ပြည်နယ်နှင့် နီးစပ်နေသည့် မကွေးတိုင်းအတွင်း COVID 19 ထိန်းချုပ်ရန် မကွေး - ရခိုင်လမ်းကြောင်း ယာယီကန့်သတ်

ရခိုင်ပြည်နယ်နှင့် နီးစပ်နေသည့် မကွေးတိုင်းအတွင်း COVID 19 ထိန်းချုပ်ရန် မကွေး - ရခိုင်လမ်းကြောင်း ယာယီကန့်သတ်
သြဂုတ် 26, 2020
By Tachileik News Agency
ရခိုင်ပြည်နယ်နှင့် နီးစပ်နေသည့် မကွေးတိုင်းအတွင်း COVID 19 ထိန်းချုပ်ရန် မကွေး - ရခိုင်လမ်းကြောင်း ယာယီကန့်သတ်
ရခိုင်ပြည်နယ်တွင် COVID-19  ပြည်တွင်းကူးစက်မှု တိုးလာနေသဖြင့် နယ်နမိတ်ထိစပ်နေသည့် မကွေးတိုင်းဒေသကြီး၌ ရောဂါကူးစက်မှု ကာကွယ်ရေးအတွက် မကွေး - ရခိုင်  ခရီးသည်တင်ယာဉ်များ သွားလာခွင့်ကို ပိတ်ထားရာမှ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၆)ရက်နေ့မှစ၍ ကုန်တင်ယာဉ်များ ဝင်ထွက်သွားလာခြင်းကိုပါ ယာယီပိတ်လိုက်ပြီဖြစ်ကြောင်းသိရသည်။
“ရခိုင်ပြည်နယ်ကနေ မကွေးတိုင်းဝင်လာမယ့်ကားတွေ အကုန်ပိတ်လိုက်ပါပြီ။ မကွေးဘက်က သွားမယ့် ကုန်တင်ယာဉ်တွေကိုတော့ လတ်တလောကုန်စည်စီးဆင်းမှုအရ ခွင့်ပြုပေးနေဦးမှာဆိုပေမဲ့ အပြန်ကိုတော့ အဝင်မခံတော့ပါဘူး။ ရခိုင်ပြည်နယ်ကမဟုတ်တဲ့  တိုင်းအတွင်းက ဂုတ်ကြီးတို့ လင်းတဲ တို့ ဘုန်းပေါတို့ကနေ ဝင်လာတာမျိုးကိုတော့ သက်ဆိုင်ရာမြို့နယ်/ရပ်ကွက်က ထောက်ခံချက်ပါရင် အဝင်ခံပါမယ်”ဟု ငဖဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
စစ်တွေမြို့နယ်အတွင်း COVID 19 ပြည်တွင်းကူးစက်မှု တွေ့လာသည့် သြဂုတ်လ(၂၁)ရက်နေ့မှစ၍ အမ်း-စစ်တွေ-မကွေး-ရန်ကုန် လေကြောင်းလိုင်း ယာယီရပ်နားခြင်း၊ သြ ဂုတ်လ(၂၀)ရက်နေ့မှစ၍  မကွေး - ရခိုင် ခရီးသည် တင်ယာဉ်များ ဝင်/ထွက်ခွင့် ယာယီ ပိတ်သိမ်းခြင်းများ ပြုလုပ်ထားခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်မှ မကွေးတိုင်းဒေသကြီးအတွင်းသို့ ဝင်ရောက်ရာလမ်းကြောင်းရှိ ငဖဲမြို့နယ် ပျဉ်းဝ ပူး ပေါင်း စစ်ဆေးရေးဂိတ်နှင့် အနီးတစ်ဝိုက်လမ်းကြောင်းတစ်လျှောက် ပိုးသတ်ဆေးဖြန်းခြင်းများကို လုပ်ဆောင်ထားကြောင်း သိရသည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~