တာချီလိတ်တွင် ရွှေဆိုင်၌ လူငယ်နှစ်ဦးက ရွှေဝယ်သူဟန်ဆောင်ကာ လက်စွပ်နှစ်ကွင်း အလစ်သုတ်ခိုးယူမှုဖြစ်ပွား

တာချီလိတ်တွင် ရွှေဆိုင်၌ လူငယ်နှစ်ဦးက ရွှေဝယ်သူဟန်ဆောင်ကာ လက်စွပ်နှစ်ကွင်း အလစ်သုတ်ခိုးယူမှုဖြစ်ပွား
သြဂုတ် 11, 2020
By Tachileik News Agency

တာချီလိတ်တွင် ရွှေဆိုင်၌ လူငယ်နှစ်ဦးက ရွှေဝယ်သူဟန်ဆောင်ကာ လက်စွပ်နှစ်ကွင်း အလစ်သုတ်ခိုးယူမှုဖြစ်ပွား

မြန်မာ - ထိုင်း နယ်စပ်ဖြစ်သည့် တာချီလိတ်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေး ဝမ်ကောင်းဈေးအနီးရှိ နန်းရွှေကျင်းရွှေဆိုင်တွင် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၁) ရက်နေ့ နေ့လည်(၁)နာရီခွဲအချိန်က လူငယ်အမျိုးသား (၂)ဦးမှ ရွှေဝယ်သူ ဟန်ဆောင်ကာ လက်စွပ်(၂)ကွင်း အလစ်သုတ်ခိုးယူသွားကြောင်း သိရသည်။

"ဆိုင်ကို လူငယ်နှစ်ယောက်လာတယ်။ ရွှေထည်ပြခိုင်းပြီး အဲဒီထဲက လက်စွပ်နှစ်ကွင်း ယူသွားတယ်လို့ ပြောတယ်။ အခု အမှုဖွင့်ဖို့ လုပ်နေပါပြီ"ဟု တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ညီညီဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အသက် (၂၀)နှစ်ဝန်းကျင်အရွယ် လူငယ်အမျိုးသား (၂) ဦးသည် နန်းရွှေကျင်းရွှေဆိုင်သို့ ရောက်လာပြီး ရွှေထည်ပစ္စည်းများ ပြသခိုင်းကာ (၁)ဘတ်သားဝန်းကျင် ရွှေလက်စွပ် (၂)ကွင်းကို ခိုးယူသွားကြခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်နေရာအား ရဲတပ်ဖွဲ့က ရောက်ရှိစစ်ဆေးကာ ရွှေလက်စွပ်ခိုးယူသွားသူနှစ်ဦးကို ခိုးမှုဖြင့်အမှုဖွင့် ဖမ်းဆီးရန် ဆောင်ရွက်နေကြောင်း သိရသည်။

  Tachileik News Agency
သတင်း - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~