လမ်းဘေးရေတွင်းထဲသို့ အမျိုးသားတစ်ဦး ဆိုင်ကယ်နှင့်အတူ ပြုတ်ကျရာမှ သေဆုံးမှုဖြစ်

လမ်းဘေးရေတွင်းထဲသို့ အမျိုးသားတစ်ဦး ဆိုင်ကယ်နှင့်အတူ ပြုတ်ကျရာမှ သေဆုံးမှုဖြစ်
သြဂုတ် 4, 2020
By Tachileik News Agency

လမ်းဘေးရေတွင်းထဲသို့ အမျိုးသားတစ်ဦး ဆိုင်ကယ်နှင့်အတူ ပြုတ်ကျရာမှ သေဆုံးမှုဖြစ်

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့ ရုံးရပ်မြောက်ပိုင်းရပ်ကွက်အတွင်း လမ်းဘေးရှိ ရေတွင်းထဲသို့ အမျိုးသား (၁)ဦး ဆိုင်ကယ်နှင့်အတူ ပြုတ်ကျသေဆုံးနေသည်ကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၄)ရက်နေ့ နံနက် (၇)နာရီဝန်းကျင်က တွေ့ရကြောင်း သိရသည်။

မင်းလှမြို့ ရုံးရပ်မြောက်ပိုင်းရပ်ကွက်၊ သာသနာ့ဗိမ္မာန်လမ်းနှင့် စက်မှုမေတ္တာလမ်းဆုံတွင် အများပြည်သူသုံး လမ်းမဘေးရှိ ရေတွင်းတစ်တွင်းမှာ နံရံအမြင့် (၃) ပေခန့်ကာရံထားခြင်းဖြစ်ပြီး ရေတွင်းထဲ ဆိုင်ကယ်ဖြင့် ပြုတ်ကျနေသည့် အမျိုးသားအလောင်းကို မီးသတ်တပ်ဖွဲ့က ဆယ်ယူပေးထားကြောင်း သိရသည်။

ရေတွင်းထဲကျနေသည့် အသက် (၄၈)နှစ်ဝန်းကျင် အမျိုးသားနှင့် R-3743  HONDA -125 အပြာရောင် ဆိုင်ကယ်တို့ကို ဆယ်ယူထားပြီး သေဆုံးသွားသည့် အမျိုးသားအား မင်းလှမြို့မရဲစခန်းတွင် ယာဉ်(ပ)၈/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဖီးနစ်
ဓာတ်ပုံ - ကြိမ်လုံး


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~