မကွေး မြသလွန်ဘုရားအနီးရှိ ဧရာဝတီမြစ်ထဲသို့ ကားတစ်စီး ထိုးကျ

မကွေး မြသလွန်ဘုရားအနီးရှိ ဧရာဝတီမြစ်ထဲသို့ ကားတစ်စီး ထိုးကျ
သြဂုတ် 1, 2020
By Tachileik News Agency
မကွေး မြသလွန်ဘုရားအနီးရှိ ဧရာဝတီမြစ်ထဲသို့ ကားတစ်စီး ထိုးကျ

မကွေးမြို့ မြသလွန်ဘုရား ဆိုင်ကယ်စတန်းအနီးရှိ ဧရာဝတီမြစ်ကမ်းပါးတွင် ရပ်ထားသည့် ကားတစ်စီး သြဂုတ်လ(၁)ရက် နံနက်ပိုင်းတွင် အနက်(၁၀)ပေခန့်ရှိ မြစ်အတွင်းသို့ ထိုးကျသွားသဖြင့် မကွေးတိုင်း မီးသတ်တပ်ဖွဲ့မှ Heavy Lifting and Rescue Vehicle ကရိန်းပါယာဉ်ကို  အသုံးပြု၍ ကယ်ဆယ်ရေး လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

မနက် (၄)နာရီခွဲ လောက်မှာ ဘုရားကို ယာဉ်သွားပြပြီး ပြန်ဆင်းအလာ အခုဖြစ်တဲ့နေရာမှာ အပေါ့အပါးဆင်းသွားတယ် ပြောတယ်။ Hand Break ဆွဲမထားတော့ ကုန်းစောင်းကနေ နောက်ကိုလိမ့်ပြီးတော့ တာရိုးဘောင်ကနေ မြစ်ထဲထိုးကျသွားတာလို့ သိရပါတယ်။ သတင်းရ ရချင်း  ကျွန်တော်တို့ဆီက  Heavy Lifting and Rescue Vehicle ယာဉ် ပါ (၅)စီး၊ Assault Boat (၁)စီးနဲ့ သွားရောက်ခဲ့ပြီး မြစ်ထဲထိုးကျ သွားတဲ့ယာဉ်ကို ကရိန်းနဲ့ ဆွဲတင်ပေးနိုင်ခဲ့ပါတယ်

ဟု  မကွေးတိုင်း မီးသတ်ဦးစီးဌာန ၊ ညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာရိုးအမြင့် (၁၅)ပေခန့်ရှိပြီး (၁၀)ခန့်အနက်ရှိသည့် မြစ်အတွင်းသို့ ထိုးကျသွားသည့်အတွက် သာမန် ကရိန်းများဖြင့် မ၍ မရနိုင်ဘဲ  တန် (၄၀)အထိ မနိုင်သည့် Heavy Lifting and Rescue Vehicle ယာဉ်ပါ ကရိန်းဖြင့် ဆွဲတင်နိုင်ခဲ့၍သာ ချောချောမောမော ဆယ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပြီး အဆိုပါယာဉ် မောင်းနှင်အသုံးပြုနည်း သင်တန်းများပေးခဲ့ပြီးနောက် ယခုကယ်ဆယ်မှုမှာ ပထမဆုံး ပွဲဦးထွက်ဖြစ်ကြောင်း သိရသည်။

မြစ်အတွင်းသို့ ထိုးကျသွားသည့်ယာဉ်မှာ ABC Telecom ပိုင် ယာဉ်ဖြစ်ပြီး ယာဉ်မောင်း ကိုကျော်သူမြင့် နှင့် အတူလိုက်ပါလာသူ ကိုသီဟတို့မှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းမရှိဘဲ ၎င်းတို့ကိုယ်တိုင် မီးသတ်တပ်ဖွဲ့သို့ မနက်(၅)နာရီ (၄၃)မိနစ်တွင် သွားရောက် အကူအညီတောင်းခံခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ၊ မကွေးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူနိုင်ရန် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ 

Tachileik News Agency
သတင်း - ဖီးနစ်
ဓာတ်ပုံ - သန်းနိုင်ဦး


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~