သီပေါမြို့ရှိ နေအိမ်တစ်အိမ်တွင် လင်မယားနှစ်ဦး ဓါးဒဏ်ရာများ ရရှိနေပြီး အမျိုးသမီးဖြစ်သူမှာ သေဆုံးနေ

သီပေါမြို့ရှိ နေအိမ်တစ်အိမ်တွင် လင်မယားနှစ်ဦး ဓါးဒဏ်ရာများ ရရှိနေပြီး အမျိုးသမီးဖြစ်သူမှာ သေဆုံးနေ
သြဂုတ် 4, 2020
By Tachileik News Agency
သီပေါမြို့ရှိ နေအိမ်တစ်အိမ်တွင် လင်မယားနှစ်ဦး ဓါးဒဏ်ရာများ ရရှိနေပြီး အမျိုးသမီးဖြစ်သူမှာ သေဆုံးနေ

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့တွင် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၄)ရက်နေ့က နေအိမ်တစ်ခုအတွင်း ဓားဒဏ်ရာများရရှိထားသည့် အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၁)ဦးတို့ကိုတွေ့ရပြီး အမျိုးသမီးမှာ သေဆုံးသွားကြောင်း သိရသည်။

“သေဆုံးသူ အမျိုးသမီးက မနွယ်နီဝင်း အသက် (၂၄) နှစ်ပါ။ ဘယ်ဖက်ရင်ညွန့်နားမှာ ထိုးသွင်းဒဏ်ရာ (၂) ချက်နဲ့ သေဆုံးနေတာပါ။ အမျိုးသားကတော့ လောလောဆယ် အရေးပေါ် ကုသမှုခံယူနေရတယ်။ လင်မယားတွေလို့ သိရတယ်” ဟု သီပေါမြို့မရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

သီပေါမြို့၊ တောင်မြို့ရပ်ကွက်၊ မြသီတာ သစ်စက်လမ်းကြားရှိ နေအိမ်တွင် အမျိုးသမီး (၁) ဦးနှင့် အမျိုးသား (၁) ဦးတို့ ဓါးဒဏ်ရာများရရှိထားသည်ကို သြဂုတ်လ (၄) ရက်နေ့၊ နံနက် (၉) နာရီခွဲဝန်းကျင်၌ ပတ်ဝန်းကျင်ကတွေ့ရှိခဲ့သဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အဲဒီအိမ်မှာနေကြတဲ့ လင်မယားတွေလို့ သိရတယ်။ နှစ်ယောက်လုံးကို သီပေါပြည်သူ့ ဆေးရုံမှာ ပို့ဆောင်ပေးထားပါတယ်။ အမျိုးသားကတော့ အသက်မသေဘူး” ဟု သီပေါမြို့ရှိ နယ်စည်းမခြား ပရဟိတ အသင်းမှ ကိုမျိုးက ပြောသည်။

လက်ရှိတွင် သီပေါမြို့မရဲစခန်း၌ အမှုဖွင့်ထားပြီး ဆေးကုသမှုခံယူနေသည့် လတ်တလောတွင် မည်သည့် အကြောင်းကိစ္စကြောင့်ဆိုသည်ကို မသိရှိရသေး၍ အမျိုးသားထံမှ စစ်ဆေးချက်ရရှိနိုင်ရန် ကြိုးစားနေဆဲဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်
Photo - နယ်စည်းမခြားပရဟိတအသင်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~