ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့ အဝင်တွင် မော်တော်ယာဉ်တစ်စီးနှင့် လက်နက်များကို ပိုင်ရှင်မဲ့ ဖမ်းမိ

ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့ အဝင်တွင် မော်တော်ယာဉ်တစ်စီးနှင့် လက်နက်များကို ပိုင်ရှင်မဲ့ ဖမ်းမိ
သြဂုတ် 4, 2020
By Tachileik News Agency

ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့ အဝင်တွင် မော်တော်ယာဉ်တစ်စီးနှင့် လက်နက်များကို ပိုင်ရှင်မဲ့ ဖမ်းမိ

ရှမ်းပြည်နယ် (မြောက်ပိုင်း) သိန္နီမြို့ အဝင်တွင် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၃)ရက်နေ့ ည (၆)နာရီခွဲဝန်းကျင်က မောင်းပြန်ရိုင်ဖယ် (၁၀)လက်နှင့် ဆက်စပ်ပစ္စည်းများ ပါဝင်သည့် မော်တော်ယာဉ် (၁)စီးကို ပိုင်ရှင်မဲ့ဖမ်းမိထားကြောင်း သိရသည်။

အမှတ် (၂၄) မူးယစ်တပ်ဖွဲ့စု (လားရှိုးမြို့) နှင့် သက်ဆိုင်ရာတပ်ဖွဲ့ဝင်များ၊ သက်သေများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သိန္နီမြို့ အဝင်ဂိတ်နှင့် (၂) မိုင်ခန့်အကွာရှိ ကျောက်ဗြုန်းတောင်အနီးရပ်ထားသည့်  မော်တော်ယာဉ် (၁) စီးအား စစ်ဆေးရန်သွားရောက်စဉ် မော်တော်ယာဉ်ကို ကျောက်တောင်များကြားသို့ မောင်းနှင်သွားကာ ရပ်တန့်ထွက်ပြေးသွားကြကြောင်း သိရသည်။

ကျန်ခဲ့သည့် ALPHARD မော်တော်ယာဉ်အား စစ်ဆေးရာ မော်တော်ယာဉ်နောက်ခန်း မျက်နှာကျက်တွင် ဝှက်ထားသည့် TYPE 81 ပုံစံ မောင်းပြန်ရိုင်ဖယ် (၆) လက်၊ လွယ်ကြိုး (၆)ချောင်း၊ သေနတ်တိုက်တံဘူး (၆)ဘူး၊ ယာဉ်၏အနောက်ပိုင်းတွင် မောင်းပြန်ရိုင်ဖယ်သေနတ် (၄)လက်၊ လွယ်ကြိုး (၃)ချောင်း၊ သေနတ်တိုက်တံ (၃)ဘူး၊ ကျည်မပါသည့် ကျည်ဘောက် (၄၀)ခုတို့အား သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။

ပိုင်ရှင်မဲ့လက်နက်များ ဖမ်းဆီးရမိမှုကို သိန္နီမြို့မရဲစခန်းတွင် အမှုဖွင့် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓါတ်ပုံ - ရဲတပ်ဖွဲ့


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~