မဲဆန္ဒရှင်စာရင်းများ ကြည့်ရှုစစ်ဆေးနိုင်ရန် သတ်မှတ်ရက် ထပ်တိုး

မဲဆန္ဒရှင်စာရင်းများ ကြည့်ရှုစစ်ဆေးနိုင်ရန် သတ်မှတ်ရက် ထပ်တိုး
သြဂုတ် 6, 2020
By Tachileik News Agency

မဲဆန္ဒရှင်စာရင်းများ ကြည့်ရှုစစ်ဆေးနိုင်ရန် သတ်မှတ်ရက် ထပ်တိုး

မဲဆန္ဒရှင်စာရင်းများ ကြည့်ရှုစစ်ဆေးနိုင်ရန် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းထုတ်ပြန်ခြင်း၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၄) ရက်နေ့အထိ နောက်ထပ် (၇) ရက် ထပ်မံတိုးမြှင့်သတ်မှတ်ကြောင်း  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

 မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ပိတ်ရက်မရှိ နေ့စဉ် နံနက် (၇)နာရီမှ ည (၉)နာရီအထိ ကြည့်ရှုနိုင်မည်ဖြစ်ပြီး မဲစာရင်းတွင် အမည်မပါခြင်း၊ အချက်အလက်လွဲခြင်းများရှိပါက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများရှိ တာဝန်ရှိသူများထံ လျှောက်လွှာများ အခမဲ့ရယူဖြည့်သွင်း လျှောက်ထားကြနိုင်ကြမည်ဖြစ်သည်။

ယခုထုတ်ပြန်သည့် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းတွင် အမည်စာရင်းမပါခြင်း၊ အချက်အလက်မှားယွင်းခြင်းများအား ပြန်လည်ပြင်ဆင် ဖြည့်သွင်းပေးရန် တင်ပြလာခြင်းများအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြင်ဆင်ပြီးနောက် ဒုတိယအကြိမ် ပြန်လည်ထုတ်ပြန်ပေးမည်ဖြစ်သည်။

နိုင်ငံသားတစ်ဦး၏ အခွင့်အရေးအဖြစ် အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်း ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင် ခွင့်ရှိသော်လည်း မဲဆန္ဒရှင်စာရင်းတွင် အမည်ပါဝင်ခြင်းမရှိပါက မဲပေးခွင့်ဆုံးရှုံးမည်ဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~