သီပေါ မှ ပခုက္ကူသို့ ပို့ဆောင်မည့် မူးယစ်ဆေးများကို ကျောက်မဲအဝင်တွင် ဖမ်းမိ

သီပေါ မှ ပခုက္ကူသို့ ပို့ဆောင်မည့် မူးယစ်ဆေးများကို ကျောက်မဲအဝင်တွင် ဖမ်းမိ
သြဂုတ် 2, 2020
By Tachileik News Agency

သီပေါ မှ ပခုက္ကူသို့ ပို့ဆောင်မည့် မူးယစ်ဆေးများကို ကျောက်မဲအဝင်တွင် ဖမ်းမိ

သီပေါ မှ ပခုက္ကူသို့ စိတ်ကြွဆေးပြားသယ်ဆောင်လာသည့် အမျိုးသား (၁) ဦးကို ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့အဝင် အိုရီယမ်တယ်တိုးဂိတ်တွင် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁) ရက်နေ့ ည (၁၂) နာရီဝန်းကျင်တွင် ဖမ်းဆီးရမိကြောင်း သိရသည်။

အမှတ်(၂၄)မူးယစ်တပ်ဖွဲ့စု  ပါဝင်သည့် သက်ဆိုင်ရာတပ်ဖွဲ့ဝင်များနှင့်  ပူးပေါင်းအဖွဲ့သည် အိုရီယမ်တယ်တိုးဂိတ်တွင် စစ်ဆေးနေစဉ် ည (၁၂)နာရီဝန်းကျင်က ရောက်လာသည့် အငှားယာဉ်တစ်စီးအား စစ်ဆေးရာ ယာဉ်မောင်းအမျိုးသား၏ ပေါင်ပေါ်တင်လာသည့် ကျွတ်ကျွတ်အိတ်အထုပ်အတွင်းမှ တံဆိပ်မပါ စိတ်ကြွရူးသွပ်ဆေးပြား (၁၂,၀၀၀)ပြားကို ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်မောင်းသည် သီပေါမြို့မှ စိတ်ကြွဆေးပြားများကို ပခုက္ကူသို့ အခကြေးငွေယူ၍ ပို့ဆောင်ပေးစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဆိုသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိသည့် အသက် (၃၃) နှစ်အရွယ် သူရအောင်ကို ကျောက်မဲမြို့မရဲစခန်းတွင် မယ(ပ) ၃၆/ ၂၀၂၀၊ မူး/ စိတ် ပုဒ်မ ၁၉(က)/ ၂၀ (က) ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~