ရှမ်းပြည်နယ်အတွင်း ခိုးဝင်လာသည့် တရုတ်နိုင်ငံသားကို ဖမ်းဆီးရမိ

ရှမ်းပြည်နယ်အတွင်း ခိုးဝင်လာသည့် တရုတ်နိုင်ငံသားကို ဖမ်းဆီးရမိ
သြဂုတ် 11, 2020
By Tachileik News Agency
ရှမ်းပြည်နယ်အတွင်း ခိုးဝင်လာသည့် တရုတ်နိုင်ငံသားကို ဖမ်းဆီးရမိ

တရုတ်နိုင်ငံနှင့်နယ်စပ်ဖြစ်သည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မူဆယ်မြို့မှ ကွတ်ခိုင်ဘက်သို့ မော်တော်ယာဉ်နှစ်စီးဖြင့် ခိုးဝင်လာသည့် တရုတ်နိုင်ငံသား (၁၁)ဦးနှင့် မြန်မာနိုင်ငံသား ယာဉ်မောင်း (၁)ဦးတို့ကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၀)ရက်နေ့ နေ့လယ်တွင်  ဖမ်းမိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

 လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် နှစ်နိုင်ငံနယ်စပ်မှ လက်နက်၊ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့် တရားမဝင်ပစ္စည်းများဝင်ရောက်မှုမရှိစေရေး စစ်ဆေးမှုများ ပြုလုပ်နေရာ သြဂုတ်လ (၁၀)ရက်နေ့ နေ့လယ် (၂) နာရီခွဲခန့်တွင် ၁၀၅ မိုင်ဂိတ်အနီး လားရှိုး - မူဆယ်ပြည်‌ထောင်စုကားလမ်းမကြီးအတိုင်း မူဆယ်ဘက်မှ ကွတ်ခိုင်ဘက်သို့ မောင်းနှင်လာသော X-Trail အမျိုးအစား အနီရောင် မော်တော်ယာဉ်နှင့် Land cruiser အမျိုးအစား‌ အဖြူရောင် မော်တော်ယာဉ် နှစ်စီးအား စစ်ဆေးရာမှ ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

တရားမဝင် ဝင်ရောက်လာသည့် တရုတ် နိုင်ငံသား အမျိုးသား (၉) ဦး၊ အမျိုးသမီး (၁) ဦးနှင့် မြန်မာနိုင်ငံသား ယာဉ်မောင်းအမျိုးသားတို့အား မူဆယ်မြို့မရဲစခန်းတွင် ထိန်းသိမ်းထားရှိကာ အရေးယူဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~