တာချီလိတ်မြို့မရဲစခန်းတွင် ဆိုင်ကယ်ခိုးသူများထံမှ ပြန်လည်သိမ်းဆည်းရမိသည့် ဆိုင်ကယ် (၁၂)စီးအနက် ပိုင်ရှင် အတည်ပြုရန် (၅)စီးကျန်

တာချီလိတ်မြို့မရဲစခန်းတွင် ဆိုင်ကယ်ခိုးသူများထံမှ ပြန်လည်သိမ်းဆည်းရမိသည့် ဆိုင်ကယ် (၁၂)စီးအနက် ပိုင်ရှင် အတည်ပြုရန် (၅)စီးကျန်
သြဂုတ် 14, 2020
By Tachileik News Agency
တာချီလိတ်မြို့မရဲစခန်းတွင် ဆိုင်ကယ်ခိုးသူများထံမှ ပြန်လည်သိမ်းဆည်းရမိသည့် ဆိုင်ကယ် (၁၂)စီးအနက် ပိုင်ရှင် အတည်ပြုရန် (၅)စီးကျန် 

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၂) ရက်နေ့က ဆိုင်ကယ်ခိုးယူသူများထံမှ ပြန်လည်သိမ်းဆည်းရမိသည့် ဆိုင်ကယ် (၁၂) စီးကို ဆိုင်ကယ်ပျောက်ဆုံးထားသူများက လာရောက်ကြည့်ရှုစစ်ဆေးနေရာ သြဂုတ်လ (၁၃)ရက်နေ့အထိ လူဦးရေ (၃၀)ဦး လာရောက်ကြည့်ရှုထားကြောင်း သိရသည်။

“မနေ့ကတည်းက သူတို့ဆိုင်ကယ်တွေပါလား လာကြည့်တယ်။ တစ်ချို့က ဆိုင်ကယ်ပျောက်လို့ဆိုပြီးစာရင်းပေးထားတယ်။ သူတို့ဖုန်းနံပါတ်၊ နေရပ်လိပ်စာနဲ့ တစ်ချို့က ဆိုင်ကယ်ဘောင်နံပတ်တွေပါပေးခဲ့တယ်။ တစ်ချို့က လာကြည့်ပြီး သူတို့ဆိုင်ကယ်မပါလို့ ပြန်သွားတယ်။ စာရင်းပေးမသွားကြဘူး”ဟု တာချီလိတ်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ သြဂုတ်လ (၁၃)ရက်နေ့က ပြောသည်။

တာချီလိတ်တွင် ဆိုင်ကယ်ပျောက်ဆုံးမှု များလာနေ၍ ရဲတပ်ဖွဲ့က လှည့်ကင်းကို တိုးမြှင့်ဆောင်ရွက်ရာမှ သြဂုတ်လ (၁၁)ရက်နေ့ ညပိုင်းက ဆိုင်ကယ်ခိုးရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့် လူငယ်အမျိုးသား (၃)ဦးကို ဆိုင်ကယ်တစ်စီးနှင့်အတူ ဖမ်းမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ လူငယ်များအား စစ်ဆေးရာမှ ခိုးရာပါဆိုင်ကယ်များအား ပုံပြောင်းရောင်းချပေးနေသူ (၃)ဦးကိုပါ ထပ်မံဖမ်းမိပြီး သြဂုတ်လ (၁၂)ရက်နေ့၌ ၎င်းတို့ထံမှ ဆိုင်ကယ် (၁၂)စီးကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

တာချီလိတ်မြို့မရဲစခန်းတွင် သိမ်းဆည်းရမိထားသည့် ဆိုင်ကယ် (၁၂) စီးကို ဆိုင်ကယ်ပျောက်ထားသူများက လာရောက်စစ်ဆေးအတည်ပြုနေရာ သြဂုတ်လ (၁၃)ရက်နေ့အထိ ဆိုင်ကယ် (၇) စီးမှာ ပိုင်ရှင်ပြန်လည်တွေ့ရှိသွားပြီဖြစ်ပြီး (၅)စီးမှာ ပိုင်ရှင်အတည်မပြုနိုင်သေးကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~