Page Nav

HIDE

Page Nav

HIDE

Grid

GRID_STYLE

Grid

GRID_STYLE

Classic Header

{fbt_classic_header}

Header Ad

//

Breaking News

latest

ဆောင်းပါးများ

//

တာချီလိတ် - မယ်ဆိုင်ကြား ကုန်စည်ပို့နေသည့် ကုန်တင်ယာဉ်မောင်းများ နေ့ချင်းပြန်သာခွင့်ပြုပြီး သတင်းပို့စနစ် ကျင့်သုံးရမည်

တာချီလိတ် - မယ်ဆိုင်ကြား ကုန်စည်ပို့နေသည့် ကုန်တင်ယာဉ်မောင်းများ နေ့ချင်းပြန်သာခွင့်ပြုပြီး သတင်းပို့စနစ် ကျင့်သုံးရမည် တာချီလိတ် -...


တာချီလိတ် - မယ်ဆိုင်ကြား ကုန်စည်ပို့နေသည့် ကုန်တင်ယာဉ်မောင်းများ နေ့ချင်းပြန်သာခွင့်ပြုပြီး သတင်းပို့စနစ် ကျင့်သုံးရမည်

တာချီလိတ် - မယ်ဆိုင်ကြား ကုန်စည်သယ်ယူပို့ဆောင်နေသည့် နှစ်နိုင်ငံ ယာဉ်မောင်းများ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၀) ရက်နေ့မှစ၍ နေ့ချင်းပြန်သာ ဖြတ်သန်းသွားလာခွင့်ပြုမည်ဖြစ်ပြီး တစ်ဖက်နိုင်ငံတွင် ညအိပ်ပါက သက်ဆိုင်ရာနိုင်ငံတွင် quarantine ဝင်ရန် နှစ်နိုင်ငံမှ သက်ဆိုင်ရာဒေသတာဝန်ရှိသူများ ညှိနှိုင်းသဘောတူလိုက်ကြောင်း သိရသည်။

“ထိုင်းဘက်က ကျွန်တော်တို့ဘက်ကို အကြောင်းကြားတာမရှိဘဲနဲ့ ကားသမားတွေ သူတို့ဘက်မှာ ညအိပ်ရမယ်ဆိုတာ ထုတ်ပြန်တယ်။ မနေ့ကထုတ်ပြန်တာ ကျွန်တော်တို့သိသိချင်းဘဲ မယ်ဆိုင်ဘက်ကို ကျွန်တော်တို့ဘက်က တာဝန်ပေးထားသူဆီကနေ ဆက်သွယ်လိုက်တယ်။ မယ်ဆိုင်တာဝန်ရှိသူ တွေကလည်း သူတို့လည်းမသိဘူး။ ကျန်းမာရေးဌာနက လုပ်တာလို့ပြောတယ်။ ဒီတော့ ကျွန်တော်တို့ဘက်မှာလည်း ထိုင်းကားသမားတွေကို ညအိပ်တာ လုပ်ခွင့်မပေးတော့ဘူး။ ကားသမားတွေ နှစ်နိုင်ငံလုံးမှာ ကိုယ့်ဘက်ကိုယ်အိပ်။ ကျွန်တော်တို့ ကားသမားတွေလည်း ပစ္စည်းသွားပို့ပြီးရင် ဒီဘက်ခြမ်းပြန်လာအိပ်။ သူတို့ကားသမားတွေလည်း ဒီဘက်မှာ ညမအိပ်နဲ့ ပစ္စည်းပို့ပြီး ချက်ချင်းပြန်။ ဟိုဘက် ဒီဘက် ညအိပ်ရင် quarantine ဝင်ရမယ်။ နောက်တစ်ခုက ဒီဘက်က ပစ္စည်းသွားပို့တဲ့ကားသမားတွေကလည်း ဘယ်ရပ်ကွက်၊ ဘယ်နေရာကို ပစ္စည်းပို့တယ်၊ နောက် ဆက်သွယ်ရမယ့်ဖုန်းနံပါတ်ကို ထိုင်းဘက်ပေးရမယ်။ ထိုင်းဘက်က ကားသမားလည်း ဒီဘက်လာရင် ဘယ်ရပ်ကွက်၊ ဘယ်နေရာပစ္စည်းပို့တယ်ဆိုတာနဲ့ ဆက်သွယ်ရမယ့်ဖုန်းနံပါတ် ကျွန်တော်တို့ဘက် ပေးရမယ်။ ကျွန်တော်တို့ ကျန်းမာရေးဌာနကို အဲဒီအချက်အလက်တွေ ပေးထားမယ်။ သူတို့ ဒီဘက်မှာ ဝင်ထားပြီး ပြန်မထွက်ရင် quarantine ဝင်ရမယ်”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၈)ရက်နေ့တွင် ပြောသည်။

တာချီလိတ် - မယ်ဆိုင်နယ်စပ်ဂိတ်ပိတ်ထားသော်လည်း နှစ်နိုင်ငံကုန်သွယ်ရေးအတွက် ကုန်စည်သယ်ယူပို့ဆောင်ရေးအတွက် ကုန်တင်ယာဉ်မောင်းများကို အကန့်အသတ်ဖြင့် နှစ်နိုင်ငံ ဖြတ်သန်းခွင့်ပြုထားရာမှ ထိုင်းနိုင်ငံ၊ မယ်ဆိုင်ကျန်းမာရေးဌာနက အဆိုပါယာဉ်မောင်းများအနေဖြင့် သြဂုတ်လ (၁၀) ရက်နေ့မှစ၍ မယ်ဆိုင်ဘက်တွင် ညအိပ်ရမည်ဟု တာချီလိတ်ဘက်မှ တာဝန်ရှိသူများအား အကြောင်းမကြားဘဲ သြဂုတ်လ (၇)ရက်နေ့တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ တာချီလိတ်ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူများက မြန်မာ - ထိုင်း ဆက်ဆံရေးတာဝန်ခံ ဦးထွန်း(မယ်ဆိုင်)မှတစ်ဆင့် မယ်ဆိုင်ဘက်တာဝန်ရှိသူများထံ အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ မေးမြန်းခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်



~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~


Header Ad

//