တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်မှ စ၍ မြို့ပြင်ကျေးရွာအုပ်စုများအထိ ဩဂုတ်လ(၁၃)ရက်နေ့ နေ့တစ်ပိုင်း လျှပ်စစ်မီး ဖြတ်တောက်မည်

တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်မှ စ၍ မြို့ပြင်ကျေးရွာအုပ်စုများအထိ ဩဂုတ်လ(၁၃)ရက်နေ့ နေ့တစ်ပိုင်း လျှပ်စစ်မီး ဖြတ်တောက်မည်
သြဂုတ် 10, 2020
By Tachileik News Agency

တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်မှ စ၍ မြို့ပြင်ကျေးရွာအုပ်စုများအထိ  ဩဂုတ်လ(၁၃)ရက်နေ့ နေ့တစ်ပိုင်း လျှပ်စစ်မီး ဖြတ်တောက်မည်

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ Provincial Electricity Authority(PEA) မယ်ဆိုင်လျှပ်စစ်ဌာနက  တာချီလိတ်မြို့ အမှတ်(၂)ချစ်ကြည်ရေး တံတားသို့ သွယ်တန်းပေးထားသည့် မီးလိုင်းများကို ပြုပြင်မှုများ ပြုလုပ်မည်ဖြစ်၍ တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်မှစ၍ မြို့ပြင်ကျေးရွာအုပ်စုများအထိ ဩဂုတ်လ(၁၃)ရက်နေ့တွင် နေ့တစ်ပိုင်း လျှပ်စစ်မီး ဖြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။

အမှတ်(၂)ချစ်ကြည်ရေး တံတားသို့  သွယ်တန်းထားသော 22KV လိုင်းကြိုးများကို ပြုပြင်ထိန်းသိမ်းသည့် လုပ်ငန်းများ  ဆောင်ရွက်မည်ဖြစ်သည့်အတွက် လုပ်ငန်းခွင်အတွင်း အန္တရယ်ကင်းစေရန် လျှပ်စစ်မီးအား ၂၀၂၀ခုနှစ် ဩဂုတ်လ(၁၃)ရက်နေ့ နံနက်(၈)နာရီမှ နေ့လည်(၁၂)နာရီခွဲအချိန်အထိ နံနက်တစ်ပိုင်း ဖြတ်တောက်မည်ဖြစ်သည်။

လျှပ်စစ်မီးဖြတ်တောက်မည့် ရပ်ကွက် နှင့် ကျေးရွာအုပ်စုများမှာ တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်၊ ရန်အောင်မြေရပ်ကွက်(ပါလျှံ)၊  ဝိန်းကျောက်ရပ်ကွက်(တော်ကော့)၊ ပါဆတ်ရပ်ကွက်၊ ဆေခမ်းရပ်ကွက်(ဟောင်လိတ်) အပါအဝင် ဝမ်လုံးကျေးရွာအုပ်စု၊ ဖန်မင်ကျေးရွာအုပ်စု၊ မိုင်းကိုးကျေးရွာအုပ်စု၊ မိုင်းဖုန်း(က) နှင့် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုအထိ  ဖြစ်သည်။

တာချီလိတ်မြို့ပေါ်ရပ်ကွက် (၁၁)ရပ်ကွက် နှင့် ကျေးရွာအုပ်စုများဖြစ်သည့်  ဝမ်လုံးကျေးရွာအုပ်စု၊ ဖန်မင်ကျေးရွာအုပ်စု၊ မိုင်းကိုးကျေးရွာအုပ်စု၊ မိုင်းဖုန်း(က) နှင့် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုတို့တွင် ထိုင်းနိုင်ငံမှ လျှပ်စစ်ကို ရယူသုံးစွဲနေခြင်း ဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~