တာချီလိတ်သို့ လေကြောင်းခရီးစဉ်ဖြင့် ဝင်ရောက်လာသူများကို Covid-19 ကာကွယ်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာမှုများ ဆက်လက် လုပ်ဆောင်

တာချီလိတ်သို့ လေကြောင်းခရီးစဉ်ဖြင့် ဝင်ရောက်လာသူများကို Covid-19 ကာကွယ်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာမှုများ ဆက်လက် လုပ်ဆောင်
သြဂုတ် 1, 2020
By Tachileik News Agency

တာချီလိတ်သို့ လေကြောင်းခရီးစဉ်ဖြင့် ဝင်ရောက်လာသူများကို  Covid-19 ကာကွယ်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာမှုများ ဆက်လက် လုပ်ဆောင် 

နယ်စပ်ဒေသ တာချီလိတ်သို့ ပြည်တွင်းမှ လေကြောင်းခရီးစဉ်ဖြင့် ဝင်ရောက်လာသူများအား ကျန်းမာရေးက ကိုယ်အပူချိန်တိုင်းတာခြင်းကို ၂၀၂၀ခုနှစ် ဩဂုတ်လ(၁)ရက်နေ့အထိ ဆက်လက် လုပ်ဆောင်နေလျက်ရှိသည်။

ဩဂုတ်လ(၁)ရက်နေ့တွင် လေကြောင်းလိုင်း(၅)လိုင်းက ခရီးစဉ်(၇)ခေါက်ပြေးဆွဲရာ တာချီလိတ်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကိုယ်အပူချိန်တိုင်းတာစစ်ဆေးပေးပြီး ခရီးသည်များထဲတွင် နှာခေါင်းစည်း(mask) ပါလာသော်လည်း မတပ်ထားသူများကို တပ်ရန်အတွက် အသိပေးသလို mask မပါသူများကိုလည်း mask များပေးကာ တပ်စေကြောင်း သိရသည်။

ဩဂုတ်လ(၁)ရက်နေ့တွင် လေယာဉ်ခရီးစဉ် (၇)ခေါက် ပျံသန်းပြေးဆွဲရာ တာချီလိတ်သို့ ခရီးသည်ပေါင်း (၂၀၇)ဦး ဝင်ရောက်လာရာတွင် တရုတ်နိုင်ငံသား (၄)ဦး၊ ဗီယက်နမ်နိုင်ငံသား (၁)ဦးနှင့်  မလေးရှာနိုင်ငံသား (၁)ဦး စုစုပေါင်း (၆)ဦး ပါဝင်ကြောင်း သိရသည်။
 
တာချီလိတ်သို့ လေကြောင်းခရီးစဉ် လာရောက်သူများအနေဖြင့် ယခင်က သတ်မှတ်ထားသည့် covid-19 ကာလအတွင်း ခရီးသွား နှင့် ကျန်းမာရေးထောက်ခံချက်များ လိုအပ်တော့မည် မဟုတ်သလို Quarantine ဝင်ရန်လည်း မသတ်မှတ်ထားတော့ကြောင်း သိရသည်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူများမှ တာချီလိတ်သို့ ဆိုက်ရောက်သည့် လေယာဉ်ခရီးသည်များကို Covid-19 ကာကွယ်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာ စစ်ဆေးမှုများ ပြုလုပ်ခြင်း Mask တပ်ရန်အတွက် အသိပေးခြင်းများ လုပ်ဆောင်နေခြင်း ဖြစ်သည်။
 
Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~