ထိုင်းနိုင်ငံသား (၈၆)ဦး တာချီလိတ်နယ်စပ်မှ မယ်ဆိုင်ဘက်သို့ နေရပ်ပြန်

ထိုင်းနိုင်ငံသား (၈၆)ဦး တာချီလိတ်နယ်စပ်မှ မယ်ဆိုင်ဘက်သို့ နေရပ်ပြန်
ဇူလိုင် 8, 2020
By 🌸
ထိုင်းနိုင်ငံသား (၈၆)ဦး တာချီလိတ်နယ်စပ်မှ မယ်ဆိုင်ဘက်သို့ နေရပ်ပြန်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှတစ်ဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်သို့ ထိုင်းနိုင်ငံသားစုစုပေါင်း (၈၆) ဦး ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့က နေရပ်ပြန်သည့်အတွက် COVID 19 ကာလအတွင်း တာချီလိတ်နယ်စပ်မှ မယ်ဆိုင်ဘက်သို့ တစ်နေ့တာအတွင်း ထိုင်းနေရပ်ပြန် အများဆုံးပြန်ထွက်ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံဘက်တွင် ဇူလိုင်လဆန်းမှစ၍ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ရာ မြန်မာနိုင်ငံဘက်တွင် ရောက်နေသည့် ထိုင်းနိုင်ငံသား ကျောင်းသား၊ ကျောင်းသူများသည် ထိုင်းသံရုံး၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ထွက်ခွာလာကြခြင်းဖြစ်သည်။

COVID 19 ကြောင့် လေကြောင်းခရီးစဉ်များ ရပ်ဆိုင်းထားသည့်အပြင် နယ်စပ်ဝင်ထွက်ပေါက်များကိုလည်း ပိတ်ထားသည့်အတွက် မြန်မာနိုင်ငံ ရောက်နေသည့် ထိုင်းနိုင်ငံသားများ နယ်စပ်ဂိတ်များမှ နေရပ်ပြန်နိုင်ရန် မြန်မာနှင့် ထိုင်းအစိုးရ ညှိနှိုင်းသဘောတူညီချက်အရ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၈) ရက်နေ့မှစ၍ ထိုင်းနိုင်ငံက ခွင့်ပြုထားခဲ့ခြင်းဖြစ်သည်။

တာချီလိတ်နယ်စပ်မှနေ၍ ထိုင်းနိုင်ငံဘက် နေရပ်ပြန်သူဦးရေမှာ ဧပြီလ (၂၀) ရက်နေ့မှစ၍ ဇူလိုင်လ (၃)ရက်နေ့အထိ အမျိုးသား (၁၁၂)ဦးနှင့် အမျိုးသမီး (၉၃)ဦး စုစုပေါင်း (၂၀၅)ဦးရှိခဲ့ပြီးနောက် ဇူလိုင်လ (၈)ရက်နေ့၌ ထိုင်းနိုင်ငံသား (၈၆)ဦး ပြန်လည်ထွက်ခွာသွားခြင်းဖြစ်သည်။

တာချီလိတ် - မယ်ဆိုင်နယ်စပ်မှ တံတားပိတ်ထားသည့်ကာလအတွင်း နေရပ်ပြန်လာသည့် မြန်မာနိုင်ငံသားဦးရေမှာ (၃၀၀၀) ကျော်ရှိနေပြီဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ -CNCMC


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~