တာချီလိတ်မြို့အဝင် ကျိုင်းတုံ - လေယာဉ်ကွင်းလမ်းခွဲ Free Way လမ်းသားတိုးချဲ့မှု သြဂုတ်လကုန်ပိုင်း အပြီးဆောင်ရွက်မည်

တာချီလိတ်မြို့အဝင် ကျိုင်းတုံ - လေယာဉ်ကွင်းလမ်းခွဲ Free Way လမ်းသားတိုးချဲ့မှု သြဂုတ်လကုန်ပိုင်း အပြီးဆောင်ရွက်မည်
ဇူလိုင် 28, 2020
By Tachileik News Agency
တာချီလိတ်မြို့အဝင် ကျိုင်းတုံ - လေယာဉ်ကွင်းလမ်းခွဲ Free Way လမ်းသားတိုးချဲ့မှု သြဂုတ်လကုန်ပိုင်း အပြီးဆောင်ရွက်မည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့အဝင် ဆိုင်းဘုတ်အနီးရှိ ကျိုင်းတုံ - လေယာဉ်ကွင်းလမ်းခွဲတွင် Free Way လမ်းသားတိုးချဲ့သည့် လုပ်ငန်းများကို ၂၀၂၀ ခုနှစ် သြဂုတ်လကုန်ပိုင်းတွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"လက်ရှိက (၈၀) ရာခိုင်နှုန်းလောက်ပြီးသွားပြီ။ မီးလင်းရေးက မီးအလှဆင်တာတွေ လုပ်ပေးမယ်။ ပန်းအလှပင်တွေစိုက်ဖို့က မှာပြီးသွားပြီ။ ပန်းစိုက်မယ့် နေရာတွေမှာ မြေတွေဖို့ပြီးသွားပြီ။ သြဂုတ်လ အကုန်လောက် အပြီးဆောင်ရွက်သွားမယ်"

ဟု တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုင်းခွန်ဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့  ဇူလိုင်လ(၂၈)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့အဝင်တွင်  မြို့ဝင်ဆိုင်းဘုတ်ကို မူလအတိုင်းထားရှိကာ ကျိုင်းတုံဘက်မှ တာချီလိတ်မြို့တွင်းသို့ အဝင်လမ်း၊ တာချီလိတ်မြို့တွင်းမှ လေယာဉ်ကွင်းဘက်အသွားလမ်းတို့ကို Free Way များ ဖောက်လုပ်နေခြင်းဖြစ်သည်။

၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ထောက်ပံ့ရန်ပုံငွေဖြင့် တာချီလိတ်မြို့အဝင်တွင် Free Way  များဖေါက်လုပ်ခြင်း၊ ဗိုလ်ချုပ်လမ်း(ပါလျှံမီးပွိုင့်အနီး)လမ်းသားတိုးချဲ့ခြင်းနှင့် ရှမ်းရိုးမကွင်းလမ်းဆုံမီးပွိုင့် Free Way တိုးချဲ့ဆောင်ရွက်နိုင်ရေးတို့ကို တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီက ဆောင်ရွက်နေခြင်းအား ရှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ တာချီလိတ်မြို့စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းခွန်ဇော်ဦး၊ တာချီလိတ်မြို့မီးလင်းရေးကော်မတီမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ၂၀၂၀ ခုနှစ် ဇူလိုင်လ (၂၈) ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးကြသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - တာချီလိတ် စည်ပင်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~