တာချီလိတ်တွင် (၆)လကျော်ကာလအတွင်း ပါဝါအိတ်ဇောတပ်ဆိုင်ကယ် (၃၇)စီး ဖမ်းဆီးရမိ

တာချီလိတ်တွင် (၆)လကျော်ကာလအတွင်း ပါဝါအိတ်ဇောတပ်ဆိုင်ကယ် (၃၇)စီး ဖမ်းဆီးရမိ
ဇူလိုင် 12, 2020
By 🌸
တာချီလိတ်တွင် (၆)လကျော်ကာလအတွင်း ပါဝါအိတ်ဇောတပ်ဆိုင်ကယ် (၃၇)စီး ဖမ်းဆီးရမိ

မြန်မာ - ထိုင်းနယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် ပါဝါအိတ်ဇောတပ်ဆင်မောင်းနှင်သည့် ဆိုင်ကယ် (၃၇) စီးကို ၂၀၂၀ ခုနှစ်၊ နှစ်ဆန်းပိုင်းမှ ဇူလိုင်လ (၁၂)ရက်နေ့အထိကာလအတွင်း ဖမ်းမိထားပြီး အနိမ့်ဆုံးပြစ်ဒဏ် (၃)လအထိ ထောင်ဒဏ်ကျခံရမည့် အထူးဥပဒေဖြင့် အရေးယူမည်ဟု ကြေညာထားသည့် ဇွန်လဆန်းမှစ၍ ဖမ်းဆီးရမိမှုလျော့နည်းလာကြောင်း သိရသည်။

"ပါဝါအိတ်ဇောဖမ်းဆီးမှုက ဟိုရက်ပိုင်းက အစီအမံနဲ့ အိမ်ထဲအထိလိုက်ဖမ်းတယ်။ ပြည်သူတွေကို သတင်းပေးဖို့ ပြောပြီးတဲ့နောက်ပိုင်း မီးပွိုင့်တွေမှာ ကျိုကြားကျိုကြားတော့ ဖမ်းမိနေတာပေါ့။ ၂၀၂၀ မော်တော်ယာဉ်ဥပဒေအရ ပညာပေးလုပ်နေတဲ့အချိန်မှာတော့ ပါဝါအိတ်ဇောတွေက မစီးရဲကြတော့ဘူး။ လမ်းပေါ်မှာတွေ့ရင် ဟိုဘက်မီးပွိုင့် ဒီဘက်မီးပွိုင့် ပိတ်ဆို့ဖမ်းဆီးတာတွေရှိတယ်။ အရင်ထက်စာရင် တော်တော်လေးပါးသွားတာပေါ့။ ညပိုင်းတွေဆိုရင်လည်း ပတ်ဝန်းကျင်ထိခိုက်လောက်အောင် စီးတာတွေမရှိတော့ဘူး"

ဟု အမှတ်(၁၂၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်)မှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ဇော်မင်းသိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်တွင် ပါဝါအိတ်ဇောတပ်ဆိုင်ကယ်များအား ဖမ်းဆီးအရေးယူနေရာမှ ဇွန်လ (၄)ရက်နေ့မှစပြီး ပါဝါအိတ်ဇောတပ်ဆင်မောင်းနှင်ခြင်း၊ တပ်ဆင်ပေးခြင်း၊ ရောင်းချခြင်းများကို အနိမ့်ဆုံးပြစ်ဒဏ် (၃)လအထိ ထောင်ဒဏ်ကျခံရမည့် အထူးဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ကြေညာထားသည့်အပြင် ယာဉ်ထိန်းရဲတပ်ဖွဲ့ထံ တိုင်ကြားကြရန်ကိုလည်း အသိပေးကြေညာထားခြင်းဖြစ်သည်။

တာချီလိတ်မြို့နယ်အတွင်း ပါဝါအိတ်ဇောတပ်ဆိုင်ကယ်များ မောင်းနှင်ခြင်းအပြင်၊ ပါဝါအိတ်ဇော တပ်ဆင်ပေးခြင်း၊ ရောင်းချပေးခြင်းလုပ်ဆောင်ခြင်းမပြုရန်  ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်များနှင့် ဝပ်ရှော့များမှ ဆိုင်ရှင်များကို ခံဝန်ကတိရေးထိုးထားစေခြင်းဖြစ်သည်။

ဆိုင်ကယ်များ၌ ပါဝါအိတ်ဇောတပ်ဆင်မောင်းနှင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ပေးခြင်းများကို မော်တော်ယာဉ်ဥပဒေအရ ပြစ်ဒဏ်ချမှတ်ခြင်းအစား အနိမ့်ဆုံးပြစ်ဒဏ် (၃)လအထိ ကျခံရမည့် အထူးဥပဒေဖြင့် စိစစ်အရေးယူတော့မည် ဖြစ်ကြောင်း ၂၀၂၀ ခုနှစ်၊ ဇွန်လ (၄)ရက်နေ့တွင် ကြေညာထားသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~