တရုတ်နိုင်ငံသားများကို COVID 19 ကာကွယ်ရေးလိုက်နာရမည့်သတ်မှတ်ချက်များဖြင့် ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးမည်

တရုတ်နိုင်ငံသားများကို COVID 19 ကာကွယ်ရေးလိုက်နာရမည့်သတ်မှတ်ချက်များဖြင့် ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးမည်
ဇူလိုင် 8, 2020
By 🌸
တရုတ်နိုင်ငံသားများကို COVID 19 ကာကွယ်ရေးလိုက်နာရမည့်သတ်မှတ်ချက်များဖြင့် ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးမည်

မြန်မာနိုင်ငံသို့ အရေးကြီးကိစ္စရပ်များအတွက် လာရောက်လိုသည့် တရုတ်နိုင်ငံသားများအတွက် လိုက်နာရမည့် စည်းကမ်းချက်များနှင့်အညီ ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးသွားတော့မည်ဖြစ်ကြောင်း ပေကျင်းမြို့ မြန်မာသံရုံးက ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင်း စီမံကိန်းလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ဌာနဆိုင်ရာလုပ်ငန်းများအတွက် အရေးတကြီးလာရောက်လိုသည့် တရုတ်နိုင်ငံသားများအနေဖြင့် လေယာဉ်ပေါ်မတက်ရောက်မီ (၃၆) နာရီအတွင်း စစ်ဆေးထားသော Laboratory Evidence of Absence of COVID-19 Infection(Real-Time RT-PCR Nasal Swab Result) ပါရှိရမည်ဖြစ်ပြီး မြန်မာနိုင်ငံသို့ ရောက်ရှိချိန်တွင် သတ်မှတ်ထားသော Facility Quarantine နေထိုင်၍ ဓာတ်ခွဲနမူနာစစ်ဆေးခြင်း (၂)ကြိမ် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း သိရသည်။

COVID 19 ဓာတ်ခွဲစစ်ဆေးမှု နှစ်ကြိမ်လုံးတွင် ပိုးမတွေ့ကြောင်းအဖြေရမှသာ လုပ်ငန်းခွင် ဝင်ခွင့်ရမည်ဖြစ်ပြီး ဓာတ်ခွဲစစ်ဆေးမှုကုန်ကျစရိတ်ကိုလည်း ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
COVID 19 ထိန်းချုပ်ရေးကာလအတွင်း မြန်မာနိုင်ငံသို့ သွားရောက်လိုသည့် တရုတ်နိုင်ငံသားများအနေဖြင့် ပေကျင်းမြို့၊ မြန်မာသံရုံးသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

မြန်မာ - တရုတ် နှစ်နိုင်ငံကြား လုပ်ငန်းနှင့် ကုန်ထုတ်လုပ်မှု၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ၊ စီမံကိန်းလုပ်ငန်းများ ပြန်လည်စတင်ရန်အတွက် Fast Track သဘောတူညီချက်ဖြင့် ဆောင်ရွက်သင့်ကြောင်း ပေကျင်းမြို့ မြန်မာသံရုံးက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် မြန်မာနိုင်ငံ Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီသို့တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ -Yangon International Airport


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~