မိုင်းယောင်းတပ်နယ်မှ ဗိုလ်မှူးနှင့်တပ်ကြပ်တို့ (၂)ဦးအား စိတ်ကြွရူးသွပ်ဆေးပြား (၂)သိန်းကျော်နှင့်အတူ တာချီလိတ်တွင် ဖမ်းမိ

မိုင်းယောင်းတပ်နယ်မှ ဗိုလ်မှူးနှင့်တပ်ကြပ်တို့ (၂)ဦးအား စိတ်ကြွရူးသွပ်ဆေးပြား (၂)သိန်းကျော်နှင့်အတူ တာချီလိတ်တွင် ဖမ်းမိ
ဇူလိုင် 6, 2020
By Tachileik News Agency

မိုင်းယောင်းတပ်နယ်မှ ဗိုလ်မှူးနှင့်တပ်ကြပ်တို့ (၂)ဦးအား စိတ်ကြွရူးသွပ်ဆေးပြား (၂)သိန်းကျော်နှင့်အတူ တာချီလိတ်တွင် ဖမ်းမိ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့သို့ မူးယစ်ဆေးသယ်လာသည့် မိုင်းယောင်း နယ်မြေခံတပ်မှ ဗိုလ်မှူးတစ်ဦး နှင့် တပ်ကြပ်တို့ကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့ ညနေပိုင်းက စိတ်ကြွဆေးပြား (၂)သိန်းကျော်နှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ် ပါဝင်သည့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါး သတင်းအရ တာချီလိတ်မြို့ မဲခေါင်ရပ်ကွက်ရှိ ဟိုတယ်တစ်ခု၏ မနီးမဝေးတွင် စောင့်ဆိုင်းနေစဉ် မိုင်းယောင်းတပ်နယ်မှ ဗိုလ်မှူး ထွန်းလင်းအောင် မောင်းနှင်ကာ တပ်ကြပ် နိုင်စိုး လိုက်ပါလာသည့်  မော်တော်ယာဉ် တစ်စီးသည် ဟိုတယ်ရှိ ယာဉ်ရပ်နားရာ နေရာသို့ ရောက်ရှိ ရပ်တန့်စဉ် ပူးပေါင်းအဖွဲ့မှ သွားရောက် စစ်ဆေးရှာဖွေမှုများ ပြုလုပ်ရာက မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့မှ မော်တော်ယာဉ်အတွင်း ရှာဖွေမှုများ ပြုလုပ်ရာက မော်တော်ယာဉ်အနောက်ခန်းအတွင်းမှ  တင်ဆောင်လာသည့် ဆာလာအိတ်အတွင်းထဲက စိတ်ကြွဆေးပြား စုစုပေါင်း  (၂၁၉,၈၀၀) ပြားကို စစ်ဆေးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများ တင်ဆောင်လာသည့် အဆိုပါ နှစ်ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၈၃/၂၀၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့်အမှုဖွင့်ထားကြောင်း ဆက်လက်စစ်ဆေးမှုများကို သက်ဆိုင်ရာအလိုက် ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

  Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~