မြန်မာနိုင်ငံအတွင်း ရွေးကောက်ပွဲ နိုဝင်ဘာလ(၈)ရက်နေ့ ကျင်းပမည်

မြန်မာနိုင်ငံအတွင်း ရွေးကောက်ပွဲ နိုဝင်ဘာလ(၈)ရက်နေ့ ကျင်းပမည်
ဇူလိုင် 1, 2020
By Tachileik News Agency

မြန်မာနိုင်ငံအတွင်း ရွေးကောက်ပွဲ နိုဝင်ဘာလ(၈)ရက်နေ့ ကျင်းပမည်

၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့၌ ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လ (၁)ရက်နေ့၌ ထုတ်ပြန်ကြေညာလိုက်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အမှတ် (၁၁၅/၂၀၂၀)ဖြင့် ထုတ်ပြန်ကြေညာထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့တွင်လည်းကောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင်လည်းကောင်း ကျင်းပခဲ့ခြင်းဖြစ်သည်။

တစ်နိုင်ငံလုံး မဲဆန္ဒရှင်ပေါင်း (၃၇)သန်းကျော်ရှိသည့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ COVID 19 ကပ်ဘေးကာလအတွင်းဖြစ်နေ၍ ရွေးကောက်ပွဲကာလတလျှောက် COVID 19 ကာကွယ်ရေးအစီအစဉ်ဖြင့် ကျင်းပနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်နေကြောင်း သိရသည်။

မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းတွင် မိမိအမည်ပါ၊ မပါကို စစ်ဆေးနိုင်မည့် မဲစာရင်းကို လူစုလူဝေးမဖြစ်စေရေးအတွက် Mobile Application ဖြင့် အွန်လိုင်းမှ ကြည့်နိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်နေသည့်အပြင် မဲဆွယ်စည်းရုံးရေးကာလနှင့် မဲပေးသည့်နေ့တို့တွင်  လူစုလူဝေးမဖြစ်စေရန် ကော်မရှင်နှင့် သက်ဆိုင်ရာအဖွဲ့များ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးလုပ်ဆောင်နေကြကြောင်း သိရသည်။

၂၀၂၀ ရွေးကောက်ပွဲကာလတွင် တစ်နိုင်ငံလုံး၌ မဲရုံပေါင်း (၄၀,၀၀၀) ကျော်တွင် မဲပေးကြရာ၌ COVID 19 ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက်ကိုလည်း သရုပ်ပြမဲရုံများဖြင့် ပြသဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~