တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် (၂၉)နေရာတွင် ရှမ်းပြည်နယ်မှ (၇)နေရာ ပါဝင်

တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် (၂၉)နေရာတွင် ရှမ်းပြည်နယ်မှ (၇)နေရာ ပါဝင်
ဇူလိုင် 1, 2020
By Tachileik News Agency

တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် (၂၉)နေရာတွင် ရှမ်းပြည်နယ်မှ (၇)နေရာ ပါဝင်

၂၀၂၀ ရွေးကောက်ပွဲအတွက် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် စုစုပေါင်း (၂၉) နေရာ သတ်မှတ်ထားရာတွင် ရှမ်းပြည်နယ်အတွင်းမှ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် (၇) နေရာ ပါဝင်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၉) ရက်နေ့ ရက်စွဲဖြင့်  ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲ မဲဆန္ဒနယ်များ ထုတ်ပြန်လာခြင်းဖြစ်သည်။

ရှမ်းပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်များအဖြစ် ဗမာ၊  ကချင်၊ လီဆူး၊ လားဟူ၊ အင်းသား၊ အာခါနှင့် ကယန်း(ခ) ပဒေါင်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်များ သတ်မှတ်ထားပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်များအဖြစ် ကချင်ပြည်နယ်တွင် ဗမာ၊ ရှမ်း၊ လီဆူးနှင့် ရဝမ်၊ ကယားပြည်နယ်တွင် ဗမာ၊ ကရင်ပြည်နယ်တွင် ဗမာ၊ မွန်နှင့် ပအိုဝ်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ရှမ်းနှင့် ချင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် ကရင်၊ ပဲခူးတိုင်းဒေသကြီးတွင် ကရင်၊ မကွေးတိုင်းဒေသကြီးတွင် ချင်း၊ မန္တလေးတိုင်းဒေသကြီးတွင် ရှမ်း၊ မွန်ပြည်နယ်တွင် ဗမာ၊ ကရင်နှင့် ပအိုဝ်း၊ ရခိုင်ပြည်နယ်တွင် ချင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ကရင်နှင့် ရခိုင်၊ ဧရာဝတီတိုင်းဒေသကြီးတွင် ကရင်နှင့် ရခိုင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်များ သတ်မှတ်ထားခြင်းဖြစ်သည်။

အဆိုပါ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်များမှ သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများကို ရွေးချယ်နိုင်ကြမည်ဖြစ်သည်။

ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များအဖြစ် ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ်(၃၃၀) ကို တစ်မြို့နယ်လျှင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အဖြစ် မဲဆန္ဒနယ် စုစုပေါင်း (၃၃၀) နယ်ကို လည်းကောင်း၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များ အဖြစ် ပြည်ထောင်စုတစ်ဝန်းလုံးရှိ တိုင်း‌ဒေသကြီးနှင့် ပြည်နယ်တစ်ခုလျှင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၁၂) နယ်စီအဖြစ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁၆၈) နယ်ကိုလည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များအဖြစ် မြို့နယ်တစ်မြို့နယ်လျှင် မဲဆန္ဒနယ် နှစ်နယ်စီအဖြစ် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (၆၄၄) နယ်ကိုလည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်များအဖြစ် မဲဆန္ဒနယ်(၂၉) နယ်ကိုလည်းကောင်း သတ်မှတ်ကြေညာထားခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~