တာချီလိတ်ဘက် ရောက်နေသည့် ထိုင်းသံဃာ (၇)ပါး အပါအဝင် ထိုင်း (၃၅)ဦး ချစ်ကြည်ရေးတံတား(၂)က တဆင့် တရားဝင်ပြန်

တာချီလိတ်ဘက် ရောက်နေသည့် ထိုင်းသံဃာ (၇)ပါး အပါအဝင် ထိုင်း (၃၅)ဦး ချစ်ကြည်ရေးတံတား(၂)က တဆင့် တရားဝင်ပြန်
ဇူလိုင် 1, 2020
By Tachileik News Agency


တာချီလိတ်ဘက်ရောက်နေသည့် ထိုင်းသံဃာ (၇)ပါး အပါအဝင် ထိုင်း (၃၅)ဦး ချစ်ကြည်ရေးတံတား(၂)က တဆင့် တရားဝင်ပြန်

မြန်မာ-ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ရောက်ရှိနေသည့် ထိုင်းနိုင်ငံသား သံဃာ (၇)ပါး အပါအဝင် စုစုပေါင်း (၃၅)ဦးကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်ခြမ်းသို့ တာချီလိတ်မှ လွှဲပြောင်းပေးသည်။

ထိုင်းနိုင်ငံသား သံဃာ (၇)ပါးနှင့် တာချီလိတ်ဘက်တွင် အလုပ် လုပ်ကိုင်နေသည့် အမျိုးသား (၁၇) ဦးနှင့် အမျိုးသမီး (၁၁)ဦးတို့သည် တာချီလိတ်မြို့ဘက်သို့ နယ်စပ်ဖြတ်သန်းခွင့် တစ်နှစ်စာအုပ် (BP) နှင့် ယာယီဖြတ်သန်းခွင့်လက်မှတ် (TBP) တို့ဖြင့် ဝင်ရောက်နေထိုင်သူများဖြစ်ကြောင်း သိရသည်။

အဆိုပါ ထိုင်းနိုင်ငံသားများကို တာချီလိတ်ဘက်မှ လဝကဌာနခွဲ (၆)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်မြင့် ဦးစီးသည့်အဖွဲ့နှင့် CNCMC အဖွဲ့တို့က မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂)မှတစ်ဆင့် မယ်ဆိုင်ဘက်ခြမ်းသို့ လွှဲပြောင်းပေးရာ မယ်ဆိုင်ဘက်မှ အမှတ်(၂)တံတား တာဝန်ခံအရာရှိ ရဲမှူးနှင့် လဝကအရာရှိ ဦးဆောင်သည့်အဖွဲ့က လက်ခံကြောင်း သိရသည်။

တာချီလိတ် - မယ်ဆိုင်ကို ဆက်သွယ်ထားသည့် နှစ်နိုင်ငံချစ်ကြည်ရေးတံတားအပါအဝင် အပါအဝင် နယ်စပ်ဂိတ်အားလုံးကို ထိုင်းနိုင်ငံက ကုန်သွယ်ရေးအတွက်မှလွဲ၍ လူအဝင်အထွက်ပြုလုပ်ခြင်းကို မတ်လ (၂၃)ရက်နေ့ကတည်းက ပိတ်ထားသည့်အပြင် လေကြောင်းပျံသန်းမှုများကိုပါ ရပ်ဆိုင်းထားသဖြင့် မြန်မာနိုင်ငံဘက်တွင် ပိတ်မိနေသည့် ထိုင်းနိုင်ငံသားများအနေဖြင့် ထိုင်းသံရုံးသို့ ဆက်သွယ်ကာ နယ်စပ်ဂိတ်များမှ ပြန်ဝင်လာခြင်းကို လက်ခံပေးနေခြင်းဖြစ်သည်။

လတ်တလောတွင် တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ ချစ်ကြည်ရေး အမှတ်(၁)တံတားအား ဖွင့်လှစ်နိုင်ခြင်း မရှိသေးသည့်အတွက် တာချီလိတ်သို့ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် ထိုင်းနိုင်ငံသားများအနေဖြင့် အလွယ်ဆုံးနည်းဖြင့် https://dcaregistration.mfa.go.th/ တွင် စာရင်းဖြည့်ကာ ပေးပို့နိုင်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~