တာချီလိတ်မှာ ညမထွက်ရအမိန့်ကို ဖောက်ဖျက်လို့ ဖမ်းခံရသူနဲ့ မူးယစ်ဆေးကြောင့် ဖမ်းခံရသူ ထိုင်းနှစ်ဦးကို ပြစ်ဒဏ်စေ့လို့ ထိုင်းဘက် ပြန်ပို့

တာချီလိတ်မှာ ညမထွက်ရအမိန့်ကို ဖောက်ဖျက်လို့ ဖမ်းခံရသူနဲ့ မူးယစ်ဆေးကြောင့် ဖမ်းခံရသူ ထိုင်းနှစ်ဦးကို ပြစ်ဒဏ်စေ့လို့ ထိုင်းဘက် ပြန်ပို့
ဇူလိုင် 31, 2020
By Tachileik News Agency

တာချီလိတ်မှာ ညမထွက်ရအမိန့်ကို ဖောက်ဖျက်လို့ ဖမ်းခံရသူနဲ့ မူးယစ်ဆေးကြောင့် ဖမ်းခံရသူ ထိုင်းနှစ်ဦးကို ပြစ်ဒဏ်စေ့လို့ ထိုင်းဘက်  ပြန်ပို့

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့မှာ ပြစ်မှုကျူးလွန်လို့ ဖမ်းစီးခံရပြီး သတ်မှတ်ပြစ်ဒဏ်စေ့သွားတဲ့ ထိုင်းနိုင်ငံသား (၂) ဦးကို မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတားကနေတဆင့် ထိုင်းနိုင်ငံမယ်ဆိုင်မြို့ကို ၂၀၂၀ ခုနှစ် ဇူလိုင်လ (၃၁)ရက်နေ့မှာ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

တာချီလိတ်မြို့မှာ ၂၀၁၅ ခုနှစ်က မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းဆီးရမိတဲ့ ထိုင်းနိုင်ငံသားဖြစ်သူ ဆောင်စခရစ်ခွန်ဟာ မန္တလေးအကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံခဲ့ရသလို COVID-19 ကာလမှာ ညမထွက်ရအမိန့်ကို ချိုးဖောက်မှုနဲ့ ၂၀၂၀ ခုနှစ် ဧပြီလ(၂၈)ရက်နေ့မှာ တာချီလိတ်မြို့ လေယာဉ်ကွင်းလမ်းနားမှာ ဖမ်းစီးခံရတဲ့ ထိုင်းနိုင်ငံသား ချိုတီဝမ်ဟာ ကျိုင်းတုံအကျဉ်းထောင်မှာ အကျဉ်းကျခံခဲ့ရပြီး သတ်မှတ်ပြစ်ဒဏ်စေ့သွားတဲ့အတွက် တာချီလိတ်မြို့က တာဝန်ရှိသူတွေက မယ်ဆိုင်ဘက်က ကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

ညမထွက်ရ အမိန့်ဟာ ၂၀၂၀ခုနှစ် ဩဂုတ်လ(၂၀)ရက်နေ့အထိ သက်ဝင်နေဆဲဖြစ်ပြီး တာချီလိတ်မှာတော့ ဖမ်းဆီးရမိသူ (၂၀)ကျော်ရှိနေပါတယ်။

Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~