မယ်ဆိုင်ဘက်က လွှဲပြောင်းပေးလာသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၈)ဦးကို တာချီလိတ်ရှိ Quarantine Center တွင် Covid-19 စစ်ဆေးရန် ထားရှိ

မယ်ဆိုင်ဘက်က လွှဲပြောင်းပေးလာသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၈)ဦးကို တာချီလိတ်ရှိ Quarantine Center တွင် Covid-19 စစ်ဆေးရန် ထားရှိ
ဇူလိုင် 8, 2020
By Tachileik News Agency
မယ်ဆိုင်ဘက်က လွှဲပြောင်းပေးလာသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၈)ဦးကို တာချီလိတ်ရှိ Quarantine Center တွင် Covid-19 စစ်ဆေးရန် ထားရှိ

ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်ခြင်း အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား (၈) ဦးကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့၌ မယ်ဆိုင်ဘက်မှ တာချီလိတ်သို့ လာရောက် လွှဲပြောင်းပေး၍ တာချီလိတ်ရှိ Quarantine Center တွင် ထားရှိသည်။

အဆိုပါ ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၈)ဦးကို တာချီလိတ်ရှိ မိုးကုတ်ဝိပဿနာတရားရိပ်သာ Quarantine Center တွင် ထားရှိကာ COVID 19 ဓာတ်ခွဲစစ်ဆေးပြီး ပိုးမတွေ့ကြောင်း အဖြေရမှ နေရပ်အသီးသီးသို့ ပြန်ခွင့်ပြုမည်ဖြစ်သည်။

နယ်စပ်ဝင်ပေါက်များမှ ဝင်လာသူများကို ယခင်က နယ်စပ်မြို့များတွင် quarantine center ၌ ဓာတ်ခွဲစစ်ဆေးပြီးမှ နေရပ်ပြန်ပို့နေသော်လည်း လူဦးရေများလာသဖြင့် နယ်စပ်မှ ဝင်လာသည်နှင့် မိမိတို့နေရပ်အသီးသီးသို့ တိုက်ရိုက်ပြန်ပို့ကာ quarantine ဝင်သည့်စနစ်ကို ပြောင်းလဲထားခြင်းဖြစ်သည်။

နယ်စပ်မှ ဝင်လာသူများအနက် ပြစ်ဒဏ်စေ့လွှဲပြောင်းသူများကို နယ်စပ်မြို့များတွင်သာ quarantine ထားရှိကာ ဓာတ်ခွဲအဖြေရပြီးမှ နေရပ်သို့ ပြန်ပို့ပေးနေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~