စားသောက်ဆိုင်ပိုင်ရှင်များ Covid-19 ကာကွယ်ရေးအတွက် မဖြစ်မနေ ပြင်ဆင်လုပ်ဆောင်ရမယ့် အချက် (၁၅) ချက်

စားသောက်ဆိုင်ပိုင်ရှင်များ Covid-19 ကာကွယ်ရေးအတွက် မဖြစ်မနေ ပြင်ဆင်လုပ်ဆောင်ရမယ့် အချက် (၁၅) ချက်
ဇူလိုင် 29, 2020
By Tachileik News Agency

စားသောက်ဆိုင်ပိုင်ရှင်များ Covid-19 ကာကွယ်ရေးအတွက် မဖြစ်မနေ ပြင်ဆင်လုပ်ဆောင်ရမယ့် အချက် (၁၅) ချက်

မြန်မာနိုင်ငံမှာ စားသောက်ဆိုင်တွေကို ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့မှစပြီး ပြန်လည် ဖွင့်ခွင့်ပေးထားပေမဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက လမ်းညွှန်ထားတဲ့ COVID 19 ကာကွယ်ရေးလမ်းညွှန်ချက်များကို တိကျစွာ လိုက်နာဆောင်ရွက်မှု မရှိ၍ အများပြည်သူကျန်းမာရေးအား ထိခိုက်စေနိုင်ပါက ကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းရေးဥပဒေဖြင့် အရေးယူနိုင်ပါတယ်။

စားသောက်ဆိုင်ပိုင်ရှင်များ အနေဖြင့် ဆိုင်များ ဖွင့်လှစ်လိုပါက မဖြစ်မနေပြင်ဆင် လုပ်ဆောင်ရမယ့် အချက် (၁၅) ချက်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လမ်းညွှန်ထားတာဖြစ်ပါတယ်။

စားသောက်ဆိုင်ပိုင်ရှင်များ တိကျစွာ လိုက်နာလုပ်ဆောင်ရန်အချက်များ

  • - ဆိုင်သို့လာသူတိုင်းကို ဆိုင်အဝင်တွင် ကိုယ်အပူချိန်တိုင်းရန်နှင့် လက်ဆေးရန်။
  • - စားသုံးသူများ ထိုင်မည့်နေရာသည် အလုံပိတ်ခန်းမဖြစ်ရဘဲ လေဝင်လေထွက်ကောင်းရမည်ဖြစ်ပြီး ပြတင်းပေါက်များ ဖွင့်ထားရမည်။
  • - တစ်ဦးချင်းစီ သို့မဟုတ် အတူလာ (၅) ယောက်ထက်မပိုသော အစုအဖွဲ့ တစ်ခုချင်းစီ သီးခြားစားသုံးနိုင်သည့် နေရာများ စီစဉ်ထားပြီး စားပွဲဝိုင်း တစ်ခုနှင့် တစ်ခုကြားတွင် အကာအရံကန့်ထားပေးရမည်။
  • - စားပွဲဝိုင်းများ တစ်ခုနှင့်တစ်ခု (၆) ပေခြားထားပြီး အကာအရံများ ကန့်ထားပေးရမည်။
  • - ကိုယ်တိုင်ယူစနစ်ဖြင့် ရောင်းချသောအစားအစာများဖြစ်ပါက ဆိုင်ဝန်ထမ်းကသာ ဝန်ဆောင်မှုပေးရမည်။
  • - ပန်းကန်၊ ဇွန်းများအား တစ်ခါသုံး (သို့မဟုတ်) ပိုးသတ်ထားသည်များကိုသာ သုံးရမည်။
  • - အစားအသောက်စာရင်းကို ချိတ်ဆွဲထားခြင်း (သို့မဟုတ်) စားပွဲမှန်အောက်၌ ထားပေးရမည်။
  • - COVID 19 ကာကွယ်ရေးနှင့်ပတ်သက်သော ကျန်းမာရေးအသိပညာပေးများကို ပိုစတာများ၊ ဗီနိုင်းများဖြင့် လူများမြင်သာစေရန် ချိတ်ဆွဲထားရမည်။
  • - ငွေရှင်းကောင်တာရှေ့တွင် မှန်ကာထားရမည်။
  • - ဆိုင်အတွင်း အယ်လ်ကိုဟော (၆၀) ရာခိုင်နှုန်းအထက်ပါသည့် လက်သန့်ဆေးရည်များ၊ ဆပ်ပြာနှင့် လက်ဆေးရန်နေရာများ စီစဉ်ပေးထားရမည်။
  • - စားသုံးသူများအတွက် ပါးစပ်နှင့် နှာခေါင်းစည်း၊ မျက်နှာကာများကို ဆိုင်အတွင်းမဝင်မီ တပ်ဆင်နိုင်ရန် မှန်ကန်သောဈေးနှုန်းဖြင့် ရောင်းပေးရမည်။
  • - စားပွဲ မျက်နှာပြင်များ၊ ကုလားထိုင်များ၊ ကောင်တာများ၊ တံခါးလက်ကိုင်များကို (၇၀) ရာခိုင်နှုန်း အယ်လ်ကိုဟောဖြင့် မကြာခဏ သန့်ရှင်းရေးလုပ်ရမည်။
  • - ဆိုင်အတွင်း သန့်ရှင်းရေးတာဝန်လုပ်ဆောင်သည့် ဝန်ထမ်း သီးခြားထားပြီး အစားအသောက်ဝန်ဆောင်မှုပေးသူများ၊ စားပွဲထိုးများကို လုပ်ဆောင်စေခြင်းမပြုရ။
  • - သန့်စင်ခန်းများကို မကြာခဏ သန့်ရှင်းရေးဆောင်ရွက်ရမည်။
  • - ဆိုင်ဝန်ထမ်းများအားလုံး တစ်ကိုယ်ရေသန့်ရှင်းရေး (လက်မကြာခဏဆေးကြောရန်၊ လက်အိတ်တပ်ထားသော်လည်း ဟိုကိုင် ဒီကိုင်မလုပ်ရန်) ပညာပေးရေးနှင့် လိုက်နာဆောင်ရွက်မှုရှိစေရန် ကြပ်မတ်ရမည်။

ကမ္ဘာတစ်လွှား COVID 19 ကူးစက်ခံရသူအရေအတွက်မှာ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၈) ရက်နေ့အထိ (၁၆၅) သိန်းကျော်ရှိနေပြီး (၆) သိန်းကျော် သေဆုံးခဲ့ရပြီဖြစ်ပါတယ်။