မကွေးတိုင်းဒေသကြီးအတွင်း ပညာရေး ကျန်းမာရေး နှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝန်ထမ်းအင်အား မလုံလောက်ဖြစ်နေ

မကွေးတိုင်းဒေသကြီးအတွင်း ပညာရေး ကျန်းမာရေး နှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝန်ထမ်းအင်အား မလုံလောက်ဖြစ်နေ
ဇူလိုင် 28, 2020
By Tachileik News Agency
မကွေးတိုင်းဒေသကြီးအတွင်း ပညာရေး ကျန်းမာရေး နှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝန်ထမ်းအင်အား မလုံလောက်ဖြစ်နေ

အစိုးရသက်တမ်း(၄)နှစ်ကျော်အတွင်း ပညာရေး ၊ ကျန်းမာရေး ၊ တရားဥပဒေစိုးမိုးရေး တို့အတွက် ဝန်ထမ်း လုံလောက်မှုမရှိသည့် ပြဿနာနှင့် ကြုံတွေ့နေရသည်ဟု  မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က  ပြောကြားသည်။

ပညာရေးပြောရရင် မကွေးတိုင်းထဲမှာ အဆင့်မြှင့်လိုက်တဲ့ကျောင်းတွေ ထောင်နဲ့ချီပြီးရှိခဲ့ပေမယ့် ဆရာ၊ ဆရာမ ပြည့်စုံအောင် ခန့်မပေးနိုင်တဲ့ကျောင်းတွေ ရှိနေတယ်။ ပညာရေးတင် မဟုတ်ဘူး။ ကျန်းမာရေးမှာ လည်း ဒီအတိုင်းပဲ။ ဖွင့်ပေးနိုင်ခဲ့တဲ့ တိုက်နယ်ဆေးရုံ (၄)ခု အနက်က နတ်မောက်မြို့နယ်က စိုင်ခေါင်းတိုက် နယ်ဆေးရုံ ၊ ပွင့်ဖြူမြို့နယ်က သရက်တောတိုက်နယ်ဆေးရုံ အဲဒီနှစ်ခုအတွက်သာ ဆရာဝန်ချပေးနိုင် သေး တယ်

ဟု ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောသည်။

မကွေးတိုင်းတစ်တိုင်းလုံးအတွက် ဆရာဝန် (၁၀၀)ကျော် လိုအပ်ချက်ရှိနေသော်လည်း  (၁၀)ဦးခန့်သာ ဝင် လျှောက်သဖြင့် ဆရာဝန်လိုအပ်ချက်ပြဿနာမှာ ကြီးမားနေဆဲဟု ဆိုသည်။

တစ်ချို့က ကိုယ်ပိုင်ဆေးခန်းဖွင့်တာရှိတယ်။ NGO တွေ ၊ CSO တွေမှာ လုပ်တာရှိတယ်။ အဲဒီတွေမှာဆို တော့ တာဝန်ယူ တာဝန်ခံရတာလည်း နည်းတယ်။ အန္တရာယ်လည်းကင်းတယ်။ အဆဲအဆိုလည်းမခံရဘူး။ လစာကလည်း ပိုရသေးတယ်ဆိုတော့ ဆရာဝန်လိုအပ်ချက်က ဒီအခက်အခဲဖြစ်နေပါတယ်

 ဟု ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို က ပြောသည်။

တရားဥပဒေစိုးမိုးရေးတွင်လည်း အပြည်ပြည်ဆိုင်ရာစံနှုန်းအရ နိုင်ငံသား (၄၀၀)ဦးတွင် ရဲ(၁)ယောက် နှုန်း ဖြင့် တာဝန်ယူရမည် ဖြစ်သော်လည်း မကွေးတိုင်း၌ လူဦးရေ(၁,၂၀၀)ဝန်းကျင်အား ရဲ(၁)ယောက်နှုန်းဖြင့် တာဝန်ယူနေရ၍  အပြည်ပြည် ဆိုင်ရာစံနှုန်းထက် (၃)ဆခန့် ကွာဟမှုရှိနေသဖြင့် လောင်းကစား ၊ မူးယစ် နှင့် တရားဥပဒေ စိုးမိုးရေးကိစ္စ များတွင် ချို့ယွင်းအားနည်းချက်များ ရှိနေရခြင်းဖြစ်သည်ဆို၏။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ၂၀၂၀ခုနှစ် ဇူလိုင်(၂၇)ရက်နေ့ကပြုလုပ်ခဲ့သည့် အစိုးရအဖွဲ့ ၏ စတုတ္ထတစ်နှစ်တာလုပ်ဆောင်မှု သတင်းစာရှင်းလင်းပွဲတွင် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဖီးနစ်
ဓာတ်ပုံ-သန်းနိုင်ဦး


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~