တာချီလိတ်မှတဆင့် မယ်ဆိုင်ဘက်တွင် Covid-19 ကာလအတွင်း ကျောင်းသွားတက်မည့်သူများ ချောင်းက ကူးလာပါက ထိုင်းဘက်က ကျောင်းအပ်လက်ခံမည် မဟုတ်

တာချီလိတ်မှတဆင့် မယ်ဆိုင်ဘက်တွင် Covid-19 ကာလအတွင်း ကျောင်းသွားတက်မည့်သူများ ချောင်းက ကူးလာပါက ထိုင်းဘက်က ကျောင်းအပ်လက်ခံမည် မဟုတ်
ဇူလိုင် 1, 2020
By Tachileik News Agency
တာချီလိတ်မှတဆင့် မယ်ဆိုင်ဘက်တွင် Covid-19 ကာလအတွင်း ကျောင်းသွားတက်မည့်သူများ ချောင်းက ကူးလာပါက ထိုင်းဘက်က ကျောင်းအပ်လက်ခံမည် မဟုတ်
( နှစ်ဖက်အစိုးရထံ တင်ပြန်ရန် ၂၀၂၀ခုနှစ် ဇူလိုင်(၅)ရက်နေ့အထိ တာချီလိတ်ခရိုင်/မြို့နယ်စုပေါင်းရုံးတွင်   စာရင်းပေးရန်လို )

တာချီလိတ်မြို့မှ ထိုင်းနိုင်ငံသို့ ထိုင်းကျောင်းအပ်လို၍ နယ်စပ်ချောင်း ခိုးကူးသူများကို ထိုင်းကျောင်းများက လက်ခံမည် မဟုတ်ဘဲ ထိုင်းကျောင်းအပ်ရန် COVID-19 စစ်ဆေးခြင်းနှင့် အစိုးရအဖွဲ့သို့တင်ပြခြင်းများ ဆောင်ရွက် ရမည်ဖြစ်၍  ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့မှ (၅) ရက်နေ့အထိ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးဦးစီးဌာနတွင် ကျောင်းအပ်မည့်သူများ အမည်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

တစ်ချို့တွေက နယ်စပ်ပိတ်ထားလို့ ဆိုပြီးတော့ အောက်ကနေ ခိုးကူးကြတာရှိတယ်။ ချောင်းကနေခိုးကူးသွားတဲ့ အချိန်ကျတော့ ထိုင်းနိုင်ငံဘက်ကလည်း သူ့ဖက်ကို တရားမဝင် ဝင်ရောက်မှုဖြစ်တဲ့အတွက် အရေးယူမှုတွေ ရှိနေပါတယ်။ အခုလည်း ကျောင်းသား၊ ကျောင်းသားမိဘ၊ အခြားသောကူးသူအားလုံးကို အရေးယူပြီးတော့ ကျွန်တော်တို့ကို ပြန်လည်လွှဲပြောင်းလာတာတွေရှိပါတယ်။ အဓိကအရေးကြီးဆုံးအချက်က ကျောင်းသား၊ ကျောင်းသားမိဘတွေက ကျောင်းထားချင်ဇောနဲ့ တရားမဝင် ကူးသွားခဲ့လို့ရှိရင် ထိုင်းနိုင်ငံဘက်က အရေးယူမှုတွေရှိပါတယ်။ တရားဝင် ဝင်လာတာ မဟုတ်တဲ့အတွက် သူတို့ကျောင်းတွေမှာလည်းလက်မခံဘူးဆိုတာ ကျွန်တော်တို့ကို ဆွေးနွေးညှိနှိုင်းထားတာရှိပါတယ်

ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံရှိ အခြေခံပညာကျောင်းများမှာ ဇူလိုင်လ (၁) ရက်နေ့တွင် စတင်ဖွင့်လှစ်နေပြီး နယ်စပ်ဝင်ထွက်ခွင့်ပိတ်ထားဆဲဖြစ်၍ ကျောင်းသူကျောင်းသားများ ကျောင်းအပ်နိုင်ရေးအတွက် မယ်ဆိုင်ချောင်းမှတဆင့် ထိုင်းနိုင်ငံဘက် တရားမဝင် ဝင်ရောက်မှုများရှိနေသဖြင့် ထိုင်းနိုင်ငံက ဖမ်းဆီးအရေးယူကာ တာချီလိတ်မြို့သို့ ပြန်လည်လွှဲပြောင်းပေးမှုများရှိနေခြင်းဖြစ်သည်။

COVID 19 ကာကွယ်ရေးအစီအစဉ်ဖြင့် ထိုင်းနိုင်ငံတွင် အခြေခံပညာကျောင်းများကို ဇူလိုင်လ (၁)ရက်နေ့တွင် စတင်ဖွင့်လှစ်နေသော်လည်း ပုံမှန်သင်ကြားရေးမလုပ်နိုင်သေး၍ မြန်မာဘက်မှ ကျောင်းသူကျောင်းသားများကို ကျောင်းအပ်လက်ခံခြင်းအား ဆိုင်းငံ့ထားရန် ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူးက ညွှန်ကြားထားကြောင်း သိရသည်။

Tachileik News Agency
သတင်း -ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~