တာချီလိတ်မြို့တွင် နေ့ခင်းဘက် ဆိုင်ကယ်မီးဖွင့်မောင်းရမည့် အချက်ပါဝင်သည့် ၂၀၂၀ မော်တော်ယာဉ်ဥပဒေသစ်ကို ပညာပေးဆောင်ရွက်နေဆဲဖြစ်၍ အရေး မယူနိုင်သေး

တာချီလိတ်မြို့တွင် နေ့ခင်းဘက် ဆိုင်ကယ်မီးဖွင့်မောင်းရမည့် အချက်ပါဝင်သည့် ၂၀၂၀ မော်တော်ယာဉ်ဥပဒေသစ်ကို ပညာပေးဆောင်ရွက်နေဆဲဖြစ်၍ အရေး မယူနိုင်သေး
ဇူလိုင် 11, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် နေ့ခင်းဘက် ဆိုင်ကယ်မီးဖွင့်မောင်းရမည့် အချက်ပါဝင်သည့် ၂၀၂၀ မော်တော်ယာဉ်ဥပဒေသစ်ကို ပညာပေးဆောင်ရွက်နေဆဲဖြစ်၍ အရေး မယူနိုင်သေး

မော်တော်ယာဉ်ဥပဒေသစ်အရ ဆိုင်ကယ်များ နေ့ခင်းဘက် မီးဖွင့်မောင်းခြင်းကို  ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ပညာပေးဆောင်ရွက်နေဆဲဖြစ်ပြီး ၂၀၂၀ ခုနှစ်၊ ဇူလိုင်လဆန်းအထိ အရေးယူမှုမလုပ်ထားကြောင်း သိရသည်။

အရေးယူမှုအပိုင်းတော့ မလုပ်သေးဘူး။ လက်ကမ်းစာရွက်တွေဝေနေတယ်။ တစ်ပတ် (၃) ကြိမ်အနည်းဆုံးပေါ့။ အသိပညာပေးတွေလုပ်နေတယ်။ ဒီ COVID ကာလမှာ အရေးယူမှုမဖြစ်လောက်ဘူး။ အခြား တိုင်းနဲ့ပြည်နယ်တွေမှာ အရေးယူတဲ့နေရာတွေယူနေတယ်။ ဒီဘက်မှာတော့ ဘယ်ချိန်အရေးယူမလဲဆိုတာ တောင်ကြီးတို့ ကျိုင်းတုံတို့က ညွှန်ကြားမှုနဲ့ စလုပ်ရမှာပေါ့

ဟု အမှတ်(၁၂၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်)မှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ဇော်မင်းသိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

၂၀၂၀ မော်တော်ယာဉ်ဥပဒေသစ်တွင် ဆိုင်ကယ်မောင်းနှင်စီးနင်းခြင်းနှင့်ပတ်သက်၍ ယခင်က မပါဝင်သည့် ဆိုင်ကယ်ရှေ့မီးအနိမ့်အား နေ့/ည ဖွင့်၍ မောင်းနှင်ရန်ဆိုသည့်အချက်ကို ထပ်မံထည့်သွင်း ပြဌာန်းထားခြင်းဖြစ်၍ အများပြည်သူ သတိထားမိစေရန် ပညာပေးဆောင်ရွက်နေခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ် မေလ (၂၆) ရက်နေ့တွင် ပြန်လည်ပြင်ဆင်ပြဌာန်းသည့် မော်တော်ယာဉ်ဥပဒေသစ်၏ ပုဒ်မ (၇၆)၊ ပုဒ်မခွဲ (ခ) အရ မော်တော်ဆိုင်ကယ်ကို မောင်းနှင်စီးနင်းရာတွင် ရှေ့မီးအနိမ့်ကို နေ့၊ ည အချိန်တိုင်းတွင် ဖွင့်၍မောင်းနှင်ရန် ပျက်ကွက်ခြင်းမရှိစေရဟု ဖော်ပြပါရှိပြီး ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက ပုဒ်မ (၈၇) အရ ကျပ် (၃၀၀၀၀) ထက်မပိုသောငွေဒဏ်ချမှတ်နိုင်မည်ဖြစ်သည်။

မော်တော်ယာဉ် ဥပဒေသစ်အရ ဆိုင်ကယ်မောင်းနှင်၊ စီးနင်းသူများအနေဖြင့် အရည်အသွေးပြည့်မီသော ဆိုင်ကယ်စီးဦးထုပ်မဆောင်းခြင်း၊ မေးသိုင်းကြိုးမတပ်ခြင်း၊ ဆိုင်ကယ်နောက်ကြည့်မှန်မပါခြင်း၊ ပါဝါအိပ်ဇောတပ်ဆင်မောင်းနှင်ခြင်း၊ ဆိုင်ကယ်ရှေ့မီးအနိမ့်အား နေ့/ညဖွင့် မမောင်းခြင်းများကို ကျပ် (၃)သောင်းထက်မပိုသော ငွေဒဏ်ချမှတ်နိုင်မည်ဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~