ကယားပြည်နယ်အတွင်း Covid-19 သတ်မှတ်ချက်များနှင့် အညီ ဟိုတယ်နှင့် တည်းခိုရိပ်သာ (၂၈)လုံး ပြန်လည် ဖွင့်လှစ်ခွင့်ပေးထား

ကယားပြည်နယ်အတွင်း Covid-19 သတ်မှတ်ချက်များနှင့် အညီ ဟိုတယ်နှင့် တည်းခိုရိပ်သာ (၂၈)လုံး ပြန်လည် ဖွင့်လှစ်ခွင့်ပေးထား
ဇူလိုင် 27, 2020
By Tachileik News Agency
ကယားပြည်နယ်အတွင်း Covid-19 သတ်မှတ်ချက်များနှင့် အညီ ဟိုတယ်နှင့် တည်းခိုရိပ်သာ (၂၈)လုံး ပြန်လည် ဖွင့်လှစ်ခွင့်ပေးထား

Covid-19 ရောဂါများကြောင့် ပိတ်ထားရသည့် ကယားပြည်နယ်အတွင်းထဲက ဟိုတယ်များအနက် ဟိုတယ်နှင့် တည်းခိုရိပ်သာ (၂၈)လုံးကို covid-19 ကာကွယ်ရေး သတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားပြီ ဖြစ်သည်။

အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ ကျွန်တော်တို့ ဟိုတယ်နဲ့ တည်ခိုခန်း (၂၈)လုံးကို ပြန်ပြီးတော့ ဖွင့်လှစ် ကူညီပေးခဲ့ပြီ ဖြစ်ပါတယ်။

ဟု ကယားပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က ကယားပြည်နယ်အစိုးရအဖွဲ့၏ စတုတ္တတစ်နှစ်တာလုပ်ဆောင်ချက် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ကယားပြည်နယ်တွင် ဟိုတယ် နှင့် တည်းခိုရိပ်သာ စုစုပေါင်း (၃၃)လုံးရှိပြီး Covid -19 ကူးစက်ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်ရန် ခရီးသွားလုပ်ငန်းများနှင့် ဟိုတယ်၊ တည်းခိုရိပ်သာများအား ယာယီပိတ်ထားခဲ့ခြင်းဖြစ်ပြီး ယခုအခါမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတ်မှတ်ညွှန်ချက်နှင့်ကိုက်ညီသည့် ဟိုတယ်နှင့်တည်ခိုရိပ်သာများအား ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်း တိုင်းနှင့်ပြည်နယ်များအနက် ကယားပြည်နယ်သည် Covid ကင်းစင်သည့် တစ်ခုတည်းသော  ပြည်နယ်ဖြစ်၍ ရပ်နားထားခဲ့သော ဟိုတယ်နှင့်ဆက်စပ်နေသည့် ခရီးသွားလုပ်ငန်းများအား ပြန်လည်စတင်ရန်အတွက် ပြည်တွင်းခရီးသွားလုပ်ငန်းဖြင့် ဦးစွာပြန်လည်စတင်ရေး လုပ်ဆောင်နေသော်လည်း ပြည်ပခရီးသွားများအတွက် လုပ်ကိုင်နိုင်ဦးမည် မဟုတ်ဘဲ လက်ရှိတွင် သတ်ဆိုင်ရာ ဌာနများမှ ခရီးသွားဆိုင်ရာ သင်တန်းပို့ချခြင်း နှင့် အခြားဆက်စပ်လုပ်ငန်းများအတွက် ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ကယားပြည်နယ်တွင်းရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများအား Covid-19 ကာလ အကြပ်အတည်းများကြောင့် လုပ်ငန်းရှင်များ ထိခိုက်မှု သက်သာစေရေးအတွက် လိုင်စင်ကြေးနှင့် လိုင်စင်အသစ်လဲလှယ်ကြေးများအား  တစ်နှစ်စာ ကင်းလွတ်ခွင့်ပြုထား ကြောင်းသိရသည်။

Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~